အသက်အရွယ်တစ်ခုရောက်လာပြီဆိုရင် မျက်လုံးအောက်မှာ အရေးအကြောင်းလေးတွေ အရင်စပေါ်လာပါတယ်။ အသက် ၂၅ နောက်ပိုင်းမှာ ပေါ်လာတာများပါတယ်။ စစချင်းမှာတော့ နည်းနည်းလေးပဲပေါ်လာပေမယ့် အသက်တစ်နှစ်ထက်တစ်နှစ် ကြီးလာတဲ့အခါမှာတော့ အရေးအကြောင်းတွေက ပိုပေါ်လာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ anti aging skincare တွေကို မသုံးချင်သေးဘူးဆိုလည်း သဘာဝနည်းလမ်းတွေနဲ့ အိမ်မှာလုပ်လို့ရပါတယ်။ ဒီလိုလုပ်လို့ရအောင် မျက်လုံးအောက်က အရေးအကြောင်းတွေ သက်သာလာစေမယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ အရမ်းလွယ်ကူပြီး ရိုးရှင်းပါတယ်။ ငှက်ပျောသီးပဲလိုပါတယ်။ ငှက်ပျောသီးကို ကျေညက်သွားအောင်ချေပြီး လက် (သို့) ဂွမ်းဖတ်လေးနဲ့ယူကာ မျက်လုံးအောက်က အရေးအကြောင်းပေါ်တဲ့နေရာမှာ အသာလေးတို့လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ရေအေးနဲ့ဆေးချလိုက်ပါ။

ဒီနည်းလမ်းကို ၂ ရက်ခြား (သို့) ၃ ရက်ခြား လုပ်ပေးခြင်းဖြင့် မျက်လုံးအောက်က အရေးအကြောင်းတွေ သက်သာလာစေပါတယ်။

Source: www.nykaa.com