တချို့တွေက မျက်မှန်တပ်ထားတဲ့ သူတွေကို စာကြမ်းပိုးလို့ သတ်မှတ်တတ်သလို တချို့ကတော့ မျက်မှန်တပ်ထားတာက ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြပါတယ်။ ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် အမြင်အာရုံ အားနည်းရင် တပ်ရမှာပါပဲ။ မျက်မှန်က တပ်တာ ကြာလာတဲ့အချိန် မျက်လုံးဒေါင့်မှာ အနက်ရောင် အမှတ်ဖြစ်လာတတ်ပါတယ်။

ဒီဟာ ကို ရှောင်ရှားဖို့ ပေါ့ပါးတဲ့ မျက်မျက်ကိုင်းကို သုံးသင့်ပါတယ်။ ဒါပေမဲ့ လက်ရှိ အနက်ရောင် အမှတ်ပေါ်နေတယ်ဆိုရင်တော့ မျက်မှန်ချွတ်လိုက်တာနဲ့ အောက်ဖော်ပြပါ သဘာဝပစ္စည်းတွေနဲ့ အသားအရေ ထိန်းသိမ်းနိုင်ပါတယ်။

၁။ ရှားစောင်းလတ်ပတ်ဂျယ်

ရှားစောင်းလတ်ပတ်က အသားအရေကို အစိုဓာတ်ပေးပါတယ်။ ရှားစောင်းလတ်ပတ်ဂျယ်ကို ညိုတဲ့ နေရာပေါ် လိမ်းပေးပြီး ခြောက်တဲ့အထိ ထားပေးပါ။ ပြီးနောက် ရေဆေးနိုင်ပါပြီ။

၂။ အာလူး

အာလူးအခွံခွာပြီး ကျိတ်ပေးရပါမယ်။ ဒီအနှစ်ကို ညိုတဲ့နား လိမ်းရပါမယ်။ ၁၅ မိနစ် ထားပြီးနောက် ရေဆေးချရပါမယ်။

၃။ သခွားသီး

သခွားသီးအစိပ်တွေကို မျက်လုံးဒေါင့်နား ထားပေးရပါမယ်။ သခွားသီးက အသားအရေကို အေးမြစေပြီး အမာရွတ် လျော့ပါးစေပါတယ်။

၄။ သံပယိုသီး

သံပယိုရည်ကို ရေနဲ့ ဆတူ ရောပေးရပါမယ်။ ပြီးနောက် ဝါဂွမ်းစနဲ့ ယူပြီး မျက်လုံးဒေါင့် လိမ်းပေးရပါမယ်။ ၁၅ မိနစ် ထားပြီးနောက် ရေဆေးချရပါမယ်။ ပုံမှန် လုပ်ပေးသင့်ပါတယ်။

၅။ Rose Water

Rose water ကို ဝါဂွမ်းစနဲ့ ယူပြီး မျက်လုံးဒေါင့် လိမ်းပေးရပါမယ်။ ဒါကိုပုံမှန် လုပ်ပေးရပါမယ်။

၆။ ပျားရည်

ပျားရည်၊ အုတ်ဂျုံနဲ့ နွားနို့ အနည်းငယ်ကို ရောပေးရပါမယ်။ ပြီးနောက် မျက်လုံးဒေါင့် အညိုအမှတ်ပေါ် လိမ်းရပါမယ်။ ၁၅ မိနစ်ထားပြီးနောက် ရေဆေးချရပါမယ်။

၇။ နှိပ်နယ်ပေးပါ

မျက်လုံးဒေါင့်ကို ဗီတာမင်အီး အဆီနဲ့ နှိပ်နယ်ပေးတာကလည်း အညိုရောင် ဖြစ်တာ သက်သာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar