မင်္ဂလာပါနော်။ နှုတ်ခမ်းသား ညိုမည်းခြောက်သွေ့နေတာကို ဘယ်သူကမှ လိုချင်ကြမှာမဟုတ်ပါဘူး။ အထူးသဖြင့် ဆောင်းရာသီမှာဆို နှုတ်ခမ်းသားတွေ ပိုပြီး ခြောက်သွေ့ညိုမည်းတတ်ကြပါတယ်။ နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ညိုမည်းနေတဲ့ နှုတ်ခမ်းသားကိုပန်းသွေးရောင် သန်းစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို သေချာရောလိုက်ပါ။ပြီးရင် သကြားအရည်မပျော်ခင်မှာ နှုတ်ခမ်းသားကိ ုလိမ်းပေးလိုက်ပါ။ ပြီးသွားရင် သန့်ရှင်းတဲ့ သွားပွတ်တံကိုယူပြီး နှုတ်ခမ်းကို ခပ်ဖွဖွလေး ပွတ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်လောက် ပွတ်ပေးလိုက်ပြီးရင် နှုတ်ခမ်းကို ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပြီး နှုတ်ခမ်းအဆီ ဆိုးပေးထားလိုက်ပါ။

အကျိုးကျေးဇူး

ပျားရည်

ပျားရည်က ရောင်ရမ်းမှုကို သက်သာစေပြီး နှုတ်ခမ်းသားကို နူးညံ့စေပါတယ်။ ခြောက်သွေ့ အက်ကွဲနေတဲ့ နှုတ်ခမ်းသားကိုလည်း သက်သာစေပြီး နှုတ်ခမ်းကို စိုပြေစေပါတယ်။

သံလွင်ဆီ

သံလွင်ဆီကလည်း ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားကို ကုသပေးနိုင်ပါတယ်။

သကြား

သကြားကလည်း သဘာဝအတိုင်း ဂျေးချွတ်ပေးနိုင်သလို ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ နှုတ်ခမ်းသားကို ကြည်လင်ပြီး သဘာဝအတိုင်းပန်းရောင်သန်းစေပါတယ်။