နှုတ်ခမ်းသား ခြောက်သွေ့ပြီး ညိုမည်းနေလို့ စိတ်ညစ်နေလား။ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သလို၊ ဆေးလိပ်သောက်တာ၊ အဟာရချို့တဲ့တာ တွေကြောင့်အပါအဝင်၊ အလှကုန်ပစ္စည်းတွေကြောင့်လည်း နှုတ်ခမ်းသား ညိုမည်းပျက်စီးရတာပါ။ ဆေးလိပ်သောက်တတ်ရင်တော့ ဆေးလိပ်သောက်တာကို လျှော့တာ၊ ဖြတ်တာလုပ်လို့လိုသလို အဟာရညီညွှတ်မျှတအောင် စားပေးဖို့လိုပါတယ်။ နှုတ်ခမ်းနီဆိုးတာနဲ့ ရာသီဥတုကြောင့် နှုတ်ခမ်းသား ခြောက်သွေ့ ညိုမည်းနေတာတွေအတွက်တော့ သဘာဝနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ခြင်း

ခွက်တစ်လုံးထဲကို ပျားရည်၊ သံလွင်ဆီနဲ့ သကြားထည့်လိုက်ပြီး သေချာရောသွားအောင်မွှေလိုက်ပါ။ အရည်အရမ်းကျဲနေရင် သကြားထပ်ထည့်နိုင်ပါတယ်။

ပြီးရင်တော့ နှုတ်ခမ်းကို သေချာဆေးပြီးလိမ်းပေးပါ။ သွားတိုက်တံနဲ့ လိမ်းပေးပြီး ပွတ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပါ။ အဲဒီနောက် ကိုယ်ကြိုက်နှစ်သက်တဲ့  နှုတ်ခမ်းနီ အဆီ (သို့) အုန်းဆီ (သို့) သံလွင်ဆီ မိမိကြိုက်နှစ်သက်တဲ့ အဆီတစ်မျိုးမျိုးလိမ်းပြီး အိပ်ပါ။ သန့်ရှင်းပြီး နူးညံ့နေတဲ့ နှုတ်ခမ်းသားတစ်စုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ပျားရည်ဘာလို့သုံးသလဲ

ပျားရည်ဟာ သဘာဝအတိုင်း အစိုဓာတ်ပါဝင်ပြီး နေရောင်ချည်ထိတွေ့လို့ပဲဖြစ်ဖြစ် အသားအရေ ခြောက်သွေ့နေတာတွေကို ပြန်လည်စိုပြေစေပါတယ်။

သံလွင်ဆီ ဘာလို့သုံးသလဲ

သံလွင်ဆီမှာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ Antioxidant အပြင် သဘာဝအတိုင်း အသားအရေကို နူးညံ့စိုပြေစေတဲ့ ဂုဏ်သတ္တိတွေ့ါဝင်ပါတယ်။

သကြားဘာလို့သုံးသလဲ။

သကြားဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး မည်းညှစ်နေတဲ့ အသားအရေတွေကို သဘာဝအသားအရောင်အတိုင်း ပြန်လည်ရရှိစေမှာပါ။

ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ ကလေးတစ်ယောက်လို နူးညံ့စိုပြေတဲ့ နှုတ်ခမ်းသားကို အရယူလိုက်ပါ။