ဗောက်ထတယ်ဆိုရင် ဦးရေပြားက ခဏခဏ ယားယံနေတတ်ပါတယ်။ ဒါ့အပြင် ပူလာပြီဆိုရင်လည်း ဗောက်တွေနဲ့ ဘယ်လိုမှ အဆင်မပြေလှပါဘူး။ ကုတ်လိုက်လို့ ဆောင်းရာသီ နှင်းကျသလို ဖြစ်သွားတဲ့ Feeling ကိုလည်း သင် ကောင်းကောင်းကြီး သိမှာပါ။ ဗောက်က ဦးရေပြားမှာ အဖြစ်များတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ ပေါင်းဆေး/ ပျော့ဆေး ဦးရေပြားကို တိုက်ရိုက်ထိတာ၊ သုံးတဲ့ ဆံပင် Product တွေထဲမှာ ဗောက်ဖြစ်ဖို့ အားပေးတဲ့ ဓာတုပစ္စည်းတွေ ပါတာ၊ စိတ်ဖိစီးမှု များတာ စတဲ့ ပြဿနာတွေကြောင့် ဗောက်အဖြစ်များပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ကြိမ်လုပ်ရုံနဲ့ ဗောက်တွေ ရှင်းသွားစေမယ့် နည်းလမ်းကို ဖော်ပြပါရစေ။

ဗောက်ပျောက်ဖို့အတွက် လိုအပ်တဲ့ သဘာဝ ပစ္စည်းတွေကတော့-

၁။ ဒိန်ချဉ်


၂။ သံပယိုသီး တစ်စိတ်


၃။ ပျားရည်တစ်ဇွန်း တို့ပဲ ဖြစ်ပါတယ်။

ဒိန်ချဉ်က ဗောက်တွေကို တိုက်ထုတ်ပေးတဲ့ စူပါပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒိန်ချဉ်အပြင် သံပယိုသီးကလည်း ပိုးသေစေပြီး ပျားရည်ကတော့ ဘတ်တီးရီးယား၊ မှိုတွေကို တိုက်ထုတ်ပေးတဲ့ သဘာဝ ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။

ဒီပစ္စည်း သုံးမျိုးကို အရည်ညှစ်ရလို့ ရတဲ့ ပုလင်းတစ်ပုလင်း ထဲ ရောထည့်ပေးရပါမယ်။ ပုလင်းကို ရှိတ်ပြီးနောက် ညှစ်တံနဲ့ ဆံပင်ပေါ် လိမ်းပေးရပါမယ်။ သင့်ဆီမှာ ပုလင်းမရှိရင် လက်နဲ့ပဲ ဦးရေပြားပေါ် တိုက်ရိုက်သုံးနိုင်ပါတယ်။ လိမ်းပြီးရင်တော့ ခေါင်းဖြီးနဲ့ တစ်ခေါင်းလုံး ပြန့်သွားအောင် ဖြီးပေးရပါမယ်။

၁ နာရီ ထားပေးရပါမယ်။ ပြီးနောက်မှာတော့ ပုံမှန်အတိုင်း ရေသေချာ ဆေးချပြီး ခေါင်းလျှော်နိုင်ပါပြီ။ ဆံပင်ခြောက်တာနဲ့ သင့်ခေါင်းမှာ ဗောက်ရှင်းသွားတာကို မြင်တွေ့ရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar