ဆောင်းရာသီမှမဟုတ်ဘူးနော်။ Aircon ထဲနေတာများရင်လည်း နှုတ်ခမ်းသားခြောက်သွေ့ပြီး နှုတ်ခမ်းနီဆိုးရတာ အဆင်မပြေဖြစ်လာပါတယ်။ အခုဆိုရင် Matte နှုတ်ခမ်းနီလေးတွေ ခေတ်စားနေလို့ အဲဒီ နှုတ်ခမ်းနီတွေက နှုတ်ခမ်းသားကို ပိုပြီးပျက်ဆီးစေပါတယ်။

သဘာဝနည်းလမ်းနဲ့ အဖြေရှာကြရအောင်ပါ။

၁။ ပါဝင်ပစ္စည်း

သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို သကြားအရင်ထည့်ပြီး သံလွင်ဆီနဲ့ ပျားရည်ထည့်ပါ။

ပြီးရင်သေချာမွှေပေးပြီး နှုတ်ခမ်းပေါ်မှာ ပွတ်လိမ်းပေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့စေမှာဖြစ်ပါတယ်။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပေးပါ။

ဒီနည်းလမ်းလေးနဲ့ နေ့တိုင်းလုပ်ပေးပြီး ၂ ပတ်တိတိလုပ်ပေးပါ။

၂။ ပါဝင်ပစ္စည်း

အုန်းဆီ

ပြုလုပ်နည်း

အုန်းဆီ ၂ စက် (သို့) ၃ စက်လောက်ကိုလက်ပေါ်ထည့်ပြီး လက်ညိုးလေးနဲ့ နှုတ်ခမ်းပေါ်ကို ပွတ်လိမ်းပေးပါ။ ၁ နေ့ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးရပါမယ်။ ခြောက်သွားတဲ့ထိထားပါ။

သံလွင်ဆီ၊ ကြက်ဆူဆီတို့ကိုလည်း အသုံးပြုနိုင်ပါတယ်။