ဆားဝက်ခြံတွေကို မရှိတော့အောင်လုပ်တဲ့အခါမှာ လုပ်တဲ့နည်းကမမှန်ကန်ရင် လုပ်တုန်းခဏပဲပျောက်သွားပြီး ခဏလောက်ကြာတာနဲ့ အရင်ထက်ပိုများလာတာမျိုး၊ ချွေးပေါက်တွေပိုကျယ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လုပ်မယ်ဆိုရင်လည်း သေချာ နည်းလမ်းမှန်မှန်နဲ့ ဆားဝက်ခြံတွေမရှိတော့အောင် ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

နူးညံ့တဲ့ Gentle cleanser နဲ့ မျက်နှာသစ်ပါ

မျက်နှာသစ်ဆေးသုံးမယ်ဆိုရင် နူးညံ့တဲ့ Gentle cleanser နဲ့ မျက်နှာသစ်ပေးပါ။ ဆားဝက်ခြံရှိတဲ့နေရာတွေကိုလည်း သေချာလေးပွတ်ပေးပါ။

ရေနွေးငွေ့ခံပါ

ရေနွေးငွေ့လေးနဲ့ မျက်နှာကိုအပ်ပြီး ခံတာမျိုး၊ ဒါမှမဟုတ် မျက်နှာသုတ်ပုဝါကို ရေနွေးနဲ့ပေါင်းပြီး ရေညှစ်ချပြီး ဆားဝက်ခြံရှိတဲ့နေရာကို အုပ်အုပ်ပေးတာမျိုး လုပ်ပေးပါ။

လက်သည်းနဲ့မညှစ်ပါနဲ့

ဆားဝက်ခြံဆို တော်တော်များများက ပြီးစလွယ် လက်သည်းတွေနဲ့ညှစ်တာမျိုး လုပ်လေ့ရှိကြပါတယ်။ လက်သည်းနဲ့ညှစ်မယ့်အစား ဆားဝက်ခြံညှစ်တဲ့အတံလေးတွေနဲ့ပဲ ညှစ်ပေးပါ။

Exfoliate ပုံမှန်လုပ်ပါ

ဆားဝက်ခြံရှိတဲ့နေရာလေးကို တစ်ပတ်တစ်ခါ Exfoliate ပုံမှန်လုပ်ပေးရင် ဆားဝက်ခြံတွေ လျော့သွားပါလိမ့်မယ်။

Moisturizer လိမ်းပါ

Exfoliate လုပ်ပြီး ဆားဝက်ခြံတွေပိုထွက်လာတယ်ဆိုတာ Moisturizer ပြန်မလိမ်းပေးလို့ပါ။ နည်းလမ်းမှန်မှန်နဲ့ ပျောက်အောင်လုပ်မယ်ဆိုရင်တော့ Exfoliate လုပ်ပြီးတိုင်းမှာ Moisturizer လေး သေချာပုတ်ပုတ်ပြီးလိမ်းပေးဖို့ပါပဲ။

Source: www.glamour.com