အားလုံးပဲမင်္ဂလာပါနော်။ ဆားဝက်ခြံဖြစ်တာလောက် စိတ်ရှုပ်စရာကောင်းတာမရှိပါဘူး။ အဲဒီ ဆားဝက်ခြံကို ဖယ်ရှားဖို့ ညှစ်လေလေ ပိုပြီးထပ်ဖြစ်လေလေပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ စိတ်ကူးအိပ်မက်လေးတွေ တကယ်ဖြစ်လာပြီး ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

၁။ ပုံမှန်ဂျေးချွတ်ပေးပါ

သင့်မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ သကြားနဲ့ ပျားရည်တို့ကို အချိုးတူရောပြီး သင့်မျက်နှာပေါ်မှာ ပွတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၂။ ရေနွေးငွေ့ခံပါ

မျက်နှာပေါ်က ချွေးပေါက်တွေပွင့်သွားစေဖို့အတွက် ရေနွေးငွေ့နဲ့ ပါးကို အပ်ပေးလိုက်ပါ။ ၁၅ မိနစ်လောက် ထားပေးပါ။

၃။ လက်သည်းနဲ့ ဆားဝက်ခြံညှစ်ပေးခြင်းရှောင်ပါ

မေးစေ့၊ နှာခေါင်းနားမှာဖြစ်တတ်တဲ့ ဆားဝက်ခြံကို သက်သာစေဖို့ အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ

လက်သည်းလေးတွေနဲ့ သင့်ရဲ့ ဆားဝက်ဃြံကို ညှစ်ပေးခြင်းကနေ ရှောင်ကျဉ်ပါ။ အဲဒီအစား ဆားဝက်ခြံညှစ်တဲ့ ကိရိယာကို သုံးပေးပါ။

၄။ ဆားဝက်ခြံဖယ်ရှားပေးတဲ့ စက္ကူသုံးပါ

ဆားဝက်ခြံဖယ်ရှားပေးတဲ့ စက္ကူ (သို့) မျက်နှာဖုံးကို သုံးပေးပါ။ ဒါက ဆားဝက်ခြံညှစ်လို့ အမာရွတ်ကျန်ခဲ့တာမျိုးကို ရှောင်ကျဉ်နိုင်မှာပါ။

၅။ ဗီတာမင်  C စားပါ

ဗီတာမင် C ပါတဲ့ အစားအစာတွေက သင့်အသားအရေကို ကောင်းမွန်စေရုံသာမက၊ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေကို ကောင်းမွန်စေပါတယ်။ သင်္ဘောသီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေစားပေးပါ။

Source: www.stylecraze.com

By: MyStyle Myanmar