များသောအားဖြင့် ဖုတွေထွက်ပြီဆိုရင် နဖူးနဲ့ မေးစေ့မှာ ထွက်ကြတာများပါတယ်။ မေးစေ့မှာထွက်ပြီဆိုရင်တော့ နာတတ်ပါတယ်။ ဒါကြောင့် မေးစေ့မှာပေါက်လေ့ရှိတဲ့ ဆားဝက်ခြံနဲ့ အဆီဖုတွေကို ပျောက်အောင်လုပ်နိုင်မယ့် အိမ်တွင်းဖြစ် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

ခဏခဏမေးစေ့မှာ မပေါက်အောင်၊ ပေါက်လာပြီဆိုရင်လည်း ပွားမလာအောင်၊ ပိုဆိုးမလာအောင် ဒါတွေကိုတော့ အမြဲဂရုစိုက်ပေးရပါမယ်။

တစ်ပတ်တစ်ခါ မေးစေ့ကို Exfoliate လုပ်ပေးပါ။

လက်သည်းနဲ့ဖဲ့တာ၊ ကုတ်တာ၊ ညှစ်တာမျိုး လုံးဝမလုပ်ပါနဲ့။

မေးစေ့မှာပေါက်လေ့ရှိတဲ့ ဆားဝက်ခြံနဲ့ အဆီဖုတွေကို ပျောက်အောင်လုပ်နိုင်မယ့် အိမ်တွင်းဖြစ် နည်းလမ်းကတော့ နွားနို့နဲ့ ပျားရည်ကို သုံးပြီး လုပ်ရမှာပါ။

နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး Microwave ထဲ စက္ကန့်ပိုင်းလောက်ထည့်ပါ။ ပျစ်သွားပါလိမ့်မယ်။ အပြင်ထုတ်ပြီး အအေးခံထားလိုက်ပါ။

အေးသွားပြီဆိုရင် မေးစေ့မှာ ပွတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးလေးနဲ့ ရေဆေးချလိုက်ပါ။ ၃ ကြိမ်လောက် လုပ်ပြီးရင်တော့ မေးစေ့မှာပေါက်လေ့ရှိတဲ့ ဆားဝက်ခြံနဲ့ အဆီဖုတွေ သက်သာပြီး ပျောက်သွားပါလိမ့်မယ်။

Source: www.stylecraze.com