တော်တော်များများက နှာခေါင်းနဲ့ မေးစိမှာ ဆားဝက်ခြံနဲ့ အဆီဖုတွေ ပေါက်တတ်ပါတယ်။ ဒီလို နှာခေါင်းနဲ့ မေးစိမှာပေါက်တဲ့ ဆားဝက်ခြံနဲ့ အဆီဖုတွေ ဖြေးဖြေးချင်းသက်သာပြီး ပျောက်သွားအောင် ကိုရီးယားမလေးတွေလုပ်တဲ့နည်းလမ်းကောင်းကို ပြောပြပေးလိုက်ပါတယ်။

ရေနွေးနဲ့ပေါင်းထားတဲ့ မျက်နှာသုတ်ပုဝါကို နှာခေါင်းနဲ့ မေးစိမှာ ခဏလောက် ကပ်ထားပေးပါ။

Organic Jojoba Oil ကို လက်ထဲထည့်ပြီး နှာခေါင်းနဲ့ မေးစိမှာ ပွတ်လိမ်းပေးပါ။ ခဏလောက်ပွတ်နေပေးပါ။

Cleansing Water ကို Cotton Pad ထဲထည့်ပြီး ခုနလိမ်းထားတာတွေကို ပြောင်းသွားအောင် ဖျက်ပေးပါ။

Clay Mask ကိုယူပြီး နှာခေါင်းနဲ့ မေးစိမှာ သုတ်လိမ်းထားပေးပါ။ ဒီမှာတော့ Innisfree Super Volcanic Clay Mask ကို သုံးပါတယ်။ ၅ မိနစ်လောက်ထားပေးပါ။

အချိန်ပြည့်ရင် ရေဆေးချလိုက်ပါ။ ရေနဲ့ပြောင်အောင် အရင်ဆေးပါ။

မျက်နှာသစ်ဆေး Facial Foam ကို နှာခေါင်းနဲ့ မေးစိမှာတို့ပြီး မျက်နှာသစ်တဲ့ Brush လေးနဲ့ သေချာပွတ်ပေးပါ။ ဒီလိုပွတ်ပေးခြင်းက အညစ်အကြေးတွေ၊ ဆားဝက်ခြံနဲ့ အဆီဖုတွေ ပျောက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ မျက်နှာကို ရေနဲ့ထပ်သစ်ပါ။

Toner ကို Cotton Pad ထဲထည့်ပြီး လိမ်းပေးပါ။

Toner ပြီးရင် Moisturizer ထပ်လိမ်းပေးပါ။

ဒါဆိုရင်တော့ ပြီးပါပြီ။ တစ်ပတ်တစ်ခါ ဒီလိုလုပ်ပေးသွားရင်တော့ နှာခေါင်းနဲ့မေးစိမှာရှိတဲ့ ဆားဝက်ခြံ၊ အဆီဖုတွေက သိသိသာသာကို သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

Source: www.misojeong