အဝလွန်တာဟာ အလှအပတစ်ခုတည်းအတွက် မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ ချိုင်းအောက်နဲ့ နောက်ကျောမှာအဆီတွေစုနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် လေ့ကျင့်ခန်းပြုလုပ်နည်းကိုမျှဝေပေးချင်ပါတယ်။ အေရိုးပစ်ကစားတာ ပြေးတာတွေဟာ အဆီတွေကျစေသလို ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။

နောက်ကျောကအဆီတွေဆိုတာဘာလဲ

နောက်ကျောကအဆီတွေစုနေတာကိုလျစ်လျူရှုထားလို့မရနိုင်ပါဘူး။ ဘရာဇီယာဝတ်ရာမှာလည်း အဆင်မပြေသလို အင်္ကျီပွပွဝတ်ဝတ် ကျပ်ကျပ်ဝတ်ဝတ် ရုပ်ဆိုးစေပါတယ်။

၁။ အရင်ဆုံး ကိုယ်ကိုကိုင်းထားပါ။ ၂ ပေါင်ကနေ ၃ ပေါင်ထိလေးတဲ့ အလေးတုံးအသေးနှစ်ခုကို မထားပါ။ ပြီးရင်လက်နှစ်ဖက်ကို ကားလိုက် စုလိုက်လုပ်ပေးပါ။ ၁၅ ကြိမ် မနားတမ်းလုပ်ပေးပါ။

၂။ အရင်ဆုံး တိုင်တစ်ခုကိုကိုယ်ထားပြီး ပုံမှာပြထားသလို နေပါ။ ၁၅ ပေါင် ကနေ ၁၅ ပေါင်ထိ လေးတဲ့ အလေးတုံးတစ်ခုကို မပါ။ ခြေထောက်နှစ်ဖက်ကားပြီး ဒူးနည်းနည်းကွေးထားပါ။ တုံးတစ်ခုကို လက်တစ်ဖက်တည်းနဲ့ကိုင်ပြီး တုံးကို မလိုက်ချလိုက်လုပ်ပေးပါ။ ၁၀ ကြိမ် မနားတမ်းလုပ်ပေးပါ။

၃။ အရင်ဆုံး ကိုယ်ကိုကိုင်းနေပါ။၅ ပေါင်ကနေ ၁၅ ပေါင်ထိလေးတဲ့ အလေးတုံး နှစ်ခုကို တစ်ဖက်ဆီမပါ။ ခြေထောက်နှစ်ဖက်ကို နည်းနည်းကား ထားပြီး ဒူးကိုနည်းနည်းလေးကွေးထားပါ။ လက်နှစ်ဖက်ကို တစ်ဒေါင်ကနေ ကွေးပြီး စုလိုက် ကားလိုက်လုပ်ပေးပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၄။ ကိုယ်အရပ်ထက်မြင့်တဲ့ တန်းတစ်ခုကို လက်နှစ်ဖက်နဲ့ ကိုင်ထားပါ။ ပြီးရင် လက်ပေါ်အားပြုပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကြွပေးပါ။ ၈ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။

ချိုင်းအောက်နဲ့ နောက်ကျောကအဆီတွေ ကျစေမယ့် လေ့ကျင့်ခန်းတွေ

၅။ အရင်ဆုံး ခန္ဓာကိုယ်ကို ဒိုင်းထိုးမယ့်ပုံစံမျိုး လေးဖက်ထောက်လိုက်ပါ။ ပြီးရင် လက်တစ်ဖက်ကိုမြောက်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ရှူသွင်းလိုက် ထုတ်လိုက်လုပ်ကာ လက်ကို ပြန်ချပါ။ နောက်တစ်ဖက်ပြောင်းပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၆။ ဒိုက်ထိုးလေ့ကျင့်ခန်းကိုလုပ်ပေးရမှာပါ။ ပုခုံးနဲ့ ခြေထောက်ကို နည်းနည်းဆီ ကားထားပေးပြီး ဒိုက်ထိုးပေးပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်နည်းနည်းချပြီ အသက်ခပ်ပြင်းပြင်း ရှူလိုက်ထုတ်လိုက်လုပ်ကာ နဂိုအတိုင်းပြန်နေပါ။ ၃ ကြိမ်ကနေ ၅ ကြိထိပဲလုပ်ရမှာဖြစ်ပါတယ်။

ဘယ်လိုလုပ်မလဲ

တစ်ပတ်ကို ၃ ရက် (သို့) ၄ ရက်လောက် လုပ်ပေးပါ။