ဝက်ခြံ၊ တင်းတိပ်၊ မှည့်ခြောက်တွေနဲ့ ပြည့်နေတဲ့ မျက်နှာကို ဘယ်သူမှ မပိုင်ဆိုင်ချင်ကြပါဘူး။ နူးညံ့ချောမွတ်ပြီး ပြေပြစ်တဲ့ မျက်နှာပိုင်ရှင်မျိုးသာ ဖြစ်ချင်ကြတာပါ။

သင်ရော သင့် မျက်နှာမှာ ဝက်ခြံတွေ ဖြစ်ပြီးနောက် ကျန်ခဲ့တဲ့ အမာရွတ်တွေကြောင့် စိတ်ညစ်နေရပြီလား။ သင့်ရဲ့ အလှကို ဖျက်နေတဲ့ ထိုအမာရွတ်တွေကို ဘယ်လိုနည်းလမ်းနဲ့ ဖျောက်ဖျက်ရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

လိမ္မော်ခွံအသုံးပြုပါ

လိုအပ်မယ့် ပစ္စည်းတွေကတော့ လိမ္မော်ခွံအနည်းငယ်နှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ပဲဖြစ်ပါတယ်။ အရင်ဦးဆုံး လိမ္မော်ခွံကို နေပူလှန်း အခြောက်ခံကာ အမှုန့်များဖြစ်သွားအောင် ကြိတ်ချေလိုက်ပါ။ ထိုအမှုန့်များကို ပျားရည်နဲ့ ရောနှောလိုက်ပါ။

ရရှိလာတဲ့ အနှစ်များကို အမာရွတ်ကျန်ရှိနေတဲ့ နေရာတစ်ဝိုက်မှာ လိမ်းကျံပေးလိုက်ပါ။ မိနစ်အတော်ကြာအောင် အခြောက်ခံလိုက်ပါ။ ခြောက်သွားပါက ရေဆေးချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းကို တစ်ရက်ခြားတစ်ခါ ပြုလုပ်ပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည် အသုံးပြုပါ

လိုအပ်မယ့် ပစ္စည်းတွေကတော့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေအနည်းငယ်တို့ပဲဖြစ်ပါတယ်။ အရင်ဦးဆုံး ပန်းသီးရှာလကာရည်နဲ့ ပျားရည်ကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ရေအနည်းငယ်ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ဝါဂွမ်းစကို ထိုအရည်ထဲ နှစ်ပြီးနောက် အမာရွတ်ကျန်ရှိနေသော နေရာတစ်ဝိုက်ပေါ်မှာ လိမ်းကျံပေးလိုက်ပါ။ လိမ်းကျံပြီး ၁၀ မိနစ်၊ မိနစ် ၂၀ ခန့် ကြာမှ ရေနဲ့ မျက်နှာသစ်ပေးရပါမယ်။ ဒီနည်းလမ်းကိုတော့ နေ့စဉ်မှန်မှန်ပြုလုပ်နိုင်သလို တစ်ရက်ခြားတစ်ခါလည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ဒီနည်းလမ်း အသုံးပြုချင်တယ်ဆိုရင်တော့ ရှားစောင်းလက်ပတ်ပင် အနည်းငယ် လိုအပ်ပါလိမ့်မယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဇွန်းနဲ့ ခြစ်ထုတ်ပစ်လိုက်ပါ။ ထို့နောက် ထိုဂျယ်လ်ကို အမာရွတ်အပေါ် လိမ်းကျံပေးလိုက်ပါ။ တစ်ညခန့် ထားထားပြီး မနက်ရောက်မှ မျက်နှာသစ်ပေးရပါမယ်။

ဒီနည်းလမ်းကိုတော့ နေ့စဉ်နေ့တိုင်း မှန်မှန်ပြုလုပ်ပေးရပါမယ်။ ဒါမှ ဆဲလ်သေတွေ ပျောက်ကွယ်သွားပြီး ဆဲလ်အသစ် ပြန်လည်ဖြစ်ပေါ်လာကာ အမာရွတ်များ ကင်းရှင်းသွားမှာပဲဖြစ်ပါတယ်။

Source: stylecraze.com

By MyStyle Myanmar