၀က်ခြံသည် အသက်အရွယ်အပိုင်းအခြားမရွေး လူတိုင်းလိုလိုမှာ ဖြစ်လေ့ဖြစ်ထရှိသည့် သာမန်ပြဿနာတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် လူငယ်များနှင့် အမျိုးသမီးများ ဓမ္မတာလာနေစဉ်အချိန်များတွင် ပိုအဖြစ်များတတ်ပါသည်။ ဝက်ခြံမကြာခဏ ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းမှာ ကိုယ်ခန္ဓာအတွင်း ဟော်မုန်းညီညွတ်မှု မရှိခြင်းကြောင့်ဖြစ်ပါတယ်။

ပိုက်ဆံလည်းချွေတာနိုင်ပြီး ဘေးထွက်ဆိုးကျိုးလည်းမဖြစ်ပေါ်စေဘဲ အမာရွတ်တွေကို အရှင်းပျောက်ကင်းချင်သူများ ရိုးရှင်းလွယ်ကူထိရောက်လှတဲ့ အိမ်တွင်းကုသမှုနည်းလမ်းများကို စမ်းသပ်ကြည့်ပါဟု တိုက်တွန်းချင်ပါတယ်။ အိမ်တွင်းကုသမှုနည်းလမ်းတွေက တစ်ရက်အတွင်း မသိသာသော်လည်း ယုံကြည်စိတ်ချရပြီး ဘေးထွက်ဆိုးကျိုး လုံးဝမဖြစ်ပေါ်စေသည့်အတွက် စိတ်ရှည်ရှည်နှင့် နည်းလမ်းမှန်မှန် ကြာရှည်ပြုလုပ်ပေးမယ်ဆိုရင် စိတ်ကျေနပ်စရာ ရလဒ်ကောင်းများကို ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်သည် ဖူးရောင်မှုနှင့် ဘတ်တီးရီယားများကို ကာကွယ်ပေးနိုင်သည့် အစွမ်းပါဝင်မှုကြောင့် ဝတ်ခြံဖြစ်ပေါ်မှုမှ ကျန်ရှိခဲ့သည့် အမာရွတ်ကိုပျောက်ကင်းစေမည့် သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်ခုဖြစ်ပါသည်။ သည့်အပြင် အသစ်ဖွဲ့စည်းလာသည့် အသားစများ တင်းတင်းရင်းရင်းရှိမှုကိုလည်း တိုးမြှင့်ပေးပါတယ်။

၂။ သံပရိုသီး

သံပရိုသီးကို သဘာဝချွတ်ဆေးအနေဖြင့် အသုံးပြုနိုင်ပြီး အသားအရေပေါ်ရှိ မည်သည့် အမာရွတ်မျိုးကိုမဆို ဝင်းလက်လာစေမှာဖြစ်ပါတယ်။ အသားအရေရှိ ဆဲလ်သေများကို ဖယ်ရှားပေး၍ ဆဲလ်သစ်ဖြစ်ပေါ်မှုကို တိုးပွားစေကာ အသားအရေကို တင်းတင်းရင်းရင်းရှိစေမှာဖြစ်ပါတယ်။

၃။ အုန်းဆီ

အုန်းဆီသည် ဗီတာမင်အီး နှင့် Fatty Acids တို့ ကြွယ်ဝစွာ ပါဝင်သည့်အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက် အသားအရေဆိုင်ရာ ပြဿနာများကို ပြန်လည်ပြုပြင်ပေးပြီး အနာ၊ အမာရွတ်များမှ ကင်းဝေးစေမှာဖြစ်ပါတယ်။ ရေဓာတ်အပြည့်အဝပါဝင်သည့် အမျိုးအမယ်တစ်ခုဖြစ်သည့်အတွက် အသားအရေကို သင့်တင့်လျောက်ပတ်စွာ ရေဓာတ်ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။

၄။။ ဗီတာမင်အီးအဆီ

ဝက်ခြံအမာရွတ်ကို ပျောက်ကင်းစေမည့် လွယ်ကူထိရောက်သော နည်းလမ်းများထဲမှာ ဗီတာမင်အီးအဆီလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အသားအရေကို စိုပြေမှုရှိစေရုံသာမက ပျက်စီးနေသော အသားအရေများကိုပါ ပြန်လည်ကောင်းမွန်လာစေမှာဖြစ်ပါသည်။

၅။ အာလူး

ဝက်ခြံအမာရွတ်များကို ကုသရာတွင် ထိရောက်မှုရှိသော အမျိုးအမယ်နောက်တစ်မျိုးမှာ အာလူးပဲဖြစ်ပါတယ်။ ကစီဓာတ်မြင့်မားစွာပါဝင်သည့် အာလူးသည် အမာရွတ်များနှင့် အပြစ်အနာအဆာများကို လုံးဝပျောက်ကင်းသွားစေမှာဖြစ်ပါတယ်။

၆။ နနွင်း

ဝက်ခြံအမာရွတ်များကို ပျောက်ကင်းစေသည့် အိမ်သုံးနည်းလမ်းများထဲတွင် နနွင်းသည်အထိရောက်ဆုံးသော နည်းလမ်းတစ်ခုဖြစ်ပေသည်။ နနွင်းတွင်ပါဝင်သော ဓာတ်သတ္တုများက မျက်နှာပေါ်ရှိ ဝက်ခြံနှင့် အမာရွတ်များကို ဖယ်ရှားပေးရာတွင် အင်မတန်မှ ထိရောက်မှုရှိပေသည်။

၇။ ပျားရည်

အသားအရေကို အစိုဓာတ်အပြည့်အဝပေးစွမ်းမည့် ပျားရည်တွင် အနာရောဂါများကို ပျောက်ကင်းစေသည့် အစွမ်းသတ္တိများလည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ ဝက်ခြံများကို ပျောက်ကင်းစေရုံသာမက ပျက်စီးနေသော အသားအရေကို ပြန်လည်ကုသပေးပြီး ယခင်မူလထက် အဆပေါင်းများစွာ ဝင်းလက်လှပလာစေမှာဖြစ်ပါတယ်။