လျှာဖြူနေတဲ့သူတွေအတွက် ကြက်သွန်ဖြူကိုသုံးပြီး လျှာဖြူတာကို ပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ ကြက်သွန်ဖြူဆိုတာ အိမ်တိုင်းမှာရှိတဲ့အရာဖြစ်လို့ လုပ်ရတာလွယ်ကူပြီး အရမ်းကိုအဆင်ပြေစေမှာပါ။

လုပ်ရမယ့်ပုံစံကတော့ ကြက်သွန်ဖြူ – ၃ တက်ကို ညက်နေအောင်ထောင်းပြီး ရလာတာကိုမှ လျှာပေါ်တင်ပြီး ၁၀ မိနစ်ထားပေးပါ။ အချိန်ပြည့်ရင်တော့ ထွေးထုတ်ပြီး ပါးစပ်ကို ရေအေးနဲ့ ပလုပ်ကျင်းလိုက်ရုံပါပဲ။

ဒီနည်းလမ်းကို တစ်နေ့ ၂ ကြိမ် နေ့တိုင်းလုပ်ပေးရမှာပါ။ လျှာဖြူနေတာ မပျောက်မချင်းလုပ်ပေးရမှာပါ။ ကြက်သွန်ဖြူဆိုတာက စားလို့ရတဲ့အရာဖြစ်လို့ ဘာအန္တရာယ်မှမရှိပါဘူး။

ကြက်သွန်ဖြူဖြစ်နေလို့ ပါးစပ်နံမှာကြောက်ရင်တော့ သွားတိုက်တာမျိုး လုပ်ပေးလို့ရပါတယ်။ ဒီလိုသွားတိုက်မယ်ဆိုရင်တော့ မနက်အိပ်ယာနိုးတာနဲ့ တစ်ကြိမ်လုပ်ပြီး သွားပါတစ်ခါထဲတိုက်လိုက်ပါ။ နောက်တစ်ကြိမ်ကိုတော့ ညအိပ်ခါနီး၊ သွားထပ်တိုက်ခါနီးမှ လုပ်လိုက်ပါ။ ဒါဆိုရင်တော့ ပါးစပ်နံမှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။

source:www.stylecraze.com