နှုတ်ခမ်းသားတွေကို မထိန်းသိမ်းနိုင်တာကြောင့်ပဲဖြစ်ဖြစ် နှုတ်ခမ်းသားပျက်စီးနေတာတွေကြောင့် နှုတ်ခမ်းလေးတွေက ညိုမဲနေမှာပေါ့။ နှုတ်ခမ်းနီမဆိုးရင်တောင် နှုတ်ခမ်းသားလေးတွေကို ပန်းရောင်လေးသမ်းနေတာမျိုးကို မိန်းကလေးတိုင်းလိုချင်ကြပါတယ်။ ဒီလိုမျိုး ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ရဖို့ဆိုရင် အိမ်မှာနေရင်းနဲ့ပဲ ပြုပြင်လို့ရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရှောက်ရည်မှာပါဝင်နေတဲ့ ချဉ်တဲ့အက်စစ်ဓာတ်က ပျိုမေတို့ရဲ့နှုတ်ခမ်းသားလေးတွေကို သဘာဝအတိုင်းပန်းရောင်လေးသမ်းလာစေမှာပဲဖြစ်ပါတယ်။ ရှောက်သီးကို ညှစ်ပြီးရလာတဲ့အရည်ကို နှုတ်ခမ်းသားပေါ်မှာ သေချာပွတ်လိမ်းပေးပြီး နေ့တိုင်းပြုလုပ်ပေးဖို့လိုပါတယ်။ တစ်လလောက်အချိန်ယူပြီး လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းသားတွေကိုပန်းရောင်လေးသမ်းပြီး လှပနေစေမှာပဲဖြစ်ပါတယ်။

သံလွင်ဆီဆိုရင်လည်း အလှအပအတွက်ဆိုရင် နေရာတိုင်းမှာအသုံးဝင်နေတာပဲဖြစ်ပါတယ်။ နှုတ်ခမ်းညိုမဲနေတာတွေကို သက်သာပျောက်ကင်းစေဖို့အတွက်ဆိုရင်လည်း သံလွင်ဆီနဲ့ဖြေရှင်းလို့ရပါတယ်။ သံလွင်ဆီအနည်းငယ်ကို ယူပြီးနှုတ်ခမ်းသားပေါ်မှာ တင်ပြီးသေချာနှိပ်နယ်ပေးလိုက်ပါ။ ညအိပ်ရာဝင်ခါနီးအချိန်တိုင်းမှာ ပုံမှန်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ နူးညံ့ပြီးပန်းရောင်သမ်းတဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

သကြားနဲ့ပျားရည်ကတော့ နှုတ်ခမ်းအတွက် မရှိမဖြစ်ပဲပေါ့။ နှုတ်ခမ်းသားတွေ ခြောက်သွေ့ကွဲအက်နေတာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းသားတွေ ညိုမဲပျက်စီးနေရင်ပဲဖြစ်ဖြစ် သကြားနဲ့ပျားရည်ကိုရောပြီး နှုတ်ခမ်းပေါ်မှာ သေချာပွတ်တိုက်ပေးလိုက်မယ်ဆိုရင် ညိုမဲနေတဲ့နှုတ်ခမ်းသားတွေ လျော့နည်းပြီးလှပလာစေမှာပဲဖြစ်ပါတယ်နော်။

သခွားသီးမှာလည်း အသားအရေကိုကြည်လင်တောက်ပလာစေမယ့် အကျိုးအာနိသင်တွေရှိနေတာကြောင့် နှုတ်ခမ်းသားတွေကိုစိုပြေပြီး ပန်းရောင်လေးဖြစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ သခွားသီးအတွင်းပိုင်းနဲ့နှုတ်ခမ်းသားတွေကို ပွတ်ပေးမယ်ဆိုရင် နှုတ်ခမ်းက သခွားသီးမှာပါဝင်နေတဲ့ အရာတွေကိုစုပ်ယူထားပြီး လှပတဲ့နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။ တစ်နေ့ကို ၅ မိနစ်လောက်ပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်။

အခုနည်းလမ်းလေးတွေကတော့ အိမ်ထဲမှာပဲအလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ပဲ နှုတ်ခမ်းသားကိုနူးညံ့ချောမွေ့အောင် လုပ်လို့ရမှာပဲဖြစ်ပါတယ်။ နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းနီမဆိုးထားလည်း ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းလေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Photo Source: Pexels