အချစ်အကြောင်းပြောကြတဲ့အခါ နွေးထွေးတဲ့ခံစားချက်တွေ၊ ယုံကြည်ချက်တွေ ၊ ချစ်ကြည်ရင်းနှီးမှုတွေ ၊ သစ္စာစောင့်သိမှု၊ စိတ်လုံခြုံမှုနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ကြီးမာတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ပြောတတ်ကြ မြင်တတ်ကြပါတယ်။ ဒီလိုအချစ်ကတွေနဲ့ ပြည့်စုံတဲ့ Relationship ပိုင်ရှင်တွေအတွက် ကတော့ ပျော်စရာကောင်းပေမယ့် သံသယတွေ၊ မလုံခြုံမှုတွေ၊ နာကျင်စရာတွေနဲ့ ပြည့်နေတဲ့ Relationship ကို ပိုင်ဆိုင်ထားတဲ့လူတွေအတွက်ကတော့ ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အသက်ရှူ ကြပ်စေ နိုင်ပါတယ်။ ဒီလို Relationship မျိုးကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ အမြန်ဆုံးရုန်းထွက်နိုင်အောင် ကြိုးစားသင့်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ကိုကိုယ် လေးစားမှုတည်ဆောက်ဖို့က အရမ်း အရေးကြီး ပါတယ်။ ဒါကြောင့် ငါတို့ကို မျက်ရည်ကျစေတဲ့အရာတွေ လေးစားမှုမရှိတဲ့သူတိုင်းကို သည်းမခံဘဲ ချည်နှောင်ထားတဲ့ကြိုးတွေကို ဖယ်ရှားရဲတဲ့သတ္တိရှိဖို့ အရေးကြီးပါတယ်။

ကိုယ့်ကိုကိုယ် အရင်ဦးစားပေးပါ

အဆင်မပြေတဲ့ Relationship တစ်ခုက ဘယ်တော့မှ ပျော်ရွှင်စွာအဆုံးသတ်လေ့မရှိပါဘူး။ ကိုယ် ရွေးချယ်ထားတဲ့ Relationship က အချိန်အကြာကြီး ပင်ပန်းခက်ခဲနေရပြီဆိုရင်တော့ အကောင်းဆုံး ဖြစ်ဖို့အတွက်  ဆုံးဖြတ်ချက်ချရမှာပါ။ ဆုံးဖြတ်ချက် ချတဲ့အခါ ကိုယ့်ကိုယ်ကို ဦးစားပေးစဥ်းစားဖို့တော့ လိုပါတယ်။

စဥ်းစားချင့်ချိန်ပါ

ချစ်ခြင်းမေတ္တာက နောက်ဆုံးမှာ အရာအားလုံးကို အဆင်ပြေသွားစေမှာပါဆိုတဲ့ စကားတွေနဲ့ ကိုယ့်ကိုကိုယ် လိမ်ညာပြီးမနေပါနဲ့။ မုသားစကားတွေနဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးတွေကို ရှေ့ဆက်ဖို့ မျှော်လင့်နေတာက အဆိပ်သင့်နေတဲ့  ဆက်ဆံရေးကနေ မခွဲထွက်နိုင်တော့ဘဲ အဆုံးမှာ စွန့်လွှတ်ခြင်းထက် ပိုပြီးထိခိုက်နစ်နာစေနိုင်ပါတယ်။

အဆက်အသွယ်ဖြတ်ပါ

ရည်းစားဟောင်းနဲ့ ဆက်သွယ်နေတုန်းဆိုရင်တော့ ဆက်ဆံရေးက တကယ်မပြီးသေးပါဘူး။ လမ်းခွဲပြီးတာနဲ့ ရည်းစားဟောင်းနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်ပြီး ဘဝကိုရှေ့ဆက်ဖို့ လိုပါတယ်။ ဆိုရှယ် မီဒီယာပေါ်မှာ ရည်းစားဟောင်းကို မြင်နေရတာ ဒါမှမဟုတ် ရည်းစားဟောင်းနဲ့ အဆက်အသွယ်မပြတ်ရှိနေတာက သင့်စိတ်ထဲမှာ ဆက်ဆံရေးကို အမှတ်ရစေတာမလို့ ရှေ့ဆက်သွားဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။ဒါကြောင့် ရည်းစားဟောင်းကို လက်တွေ့ဘဝထဲကကော ဆိုရှယ်မီဒီယာတွေထဲကပါ အကုန်ထုတ်ပြစ်လို့ လိုအပ်ပါတယ်၊