မျက်တောင်ကော့ကော့ လေးနဲ့ ရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားသူတွေကို မြင်တဲ့အချိန် သင်အားကျဖူးမှာပါ။ မျက်တောင်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားသူအဖို့တော့ ဘာမှသိပ်လုပ်စရာမလိုတော့ပါဘူး။ သင်က မျက်တောင်တိုတယ်။ ဒါပေမဲ့ မျက်တောင်မဆက်ချင်ဘူး။ မျက်တောင်တုတပ်ရတာမကြိုက်ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားကြည့်ချင်တယ်ဆိုရင်တော့ ဒီအဆင့်တွေကို သိထားဖို့လိုပါတယ်။

၁။ မျက်တောင်ကို အရင် Curl လုပ်ပါ


Curling လုပ်တဲ့ ညှပ်ကလေးတွေကို သင်သိမှာပါ။ သင့်ဆီမှာ ဒါမရှိဘူးဆိုရင်တော့ ဝယ်ထားသင့်ပါတယ်။ မျက်တောင်ကော့ဆေးနဲ့ မျက်တောင်မကော့ခင်အရင် မျက်တောင်ကို Curl လုပ်ပေးရပါမယ်။

၂။ မျက်တောင်ကို ဂရုစိုက်ပါ


နဂိုတည်းက တိုနေပြီးသား မျက်တောင်တွေကျွတ်မယ်ဆိုရင်တော့ သင့်အတွက် မကောငး်ပါဘူး။ မျက်တောင်ကော့ဆေးတွေကို မအိပ်ခင် သေချာဖျက်ပေးရပါမယ်။ မျက်လုံးကို ခဏခဏ ပွတ်တာရှောင်ပေးရပါမယ်။

၃။ မျက်တောင်ရှည်စေတဲ့ Serum ကိုသုံးကြည့်ပါ


Eyelash Boosting Serum တွေကိုတော့ စျေးကွက်ထဲမှာ သင်မြင်ဖူးမှာပါ။ မျက်တောင်ရှည်ဆေးမှာပါတဲ့ဆီက မျက်တောင်ကျွတ်တာကို ကာကွယ်ပေးပြီး သင့်မျက်တောင်ကို ကျန်းမာစေပါတယ်။

၄။ မျက်တောင်တိုတာအတွက် ရည်ရွယ်ထုတ်ထားတဲ့ Mascara ကိုသုံးပေးပါ


မျက်တောင်ကို ထူထူပုံစံဖြစ်ချင်တာလား၊ ရှည်ချင်တာလား စတဲ့ ရည်ရွယ်ချက်မျိုးစုံပေးတဲ့ Mascara တွေအများအပြားရှိပါတယ်။ သင်လိုချင်တဲ့ ရည်ရွယ်ချက်အလိုက် မျက်တောင်ကော့ဆေးတွေကို ဝယ်ထားသင့်ပါတယ်။

၅။ ခဏခဏ မျက်တောင်ကော့ဆေးဆိုးပေးပါ


မျက်တောင်ကော့တဲ့အချိန် မျက်တောင်ကော့ဆေးကို တစ်ခါသုံးပြီးတာနဲ့ သုံးပြီးတဲ့နေရာကို ထပ်မလိမ်းပါနဲ့။ ဒီလိုလိမ်းတဲ့အချိန် မျက်တောင်ဆေးတွေနဲ့ ထူလပျစ်ဖြစ်သွားပါလိမ့်မယ်။ မျက်တောင်တစ်ခါကော့ပြီးရင် စက္ကန့် အနည်းငယ်စောင့်ပြီး မျက်တောင် ဆေး ခြောက်သွားတဲ့အချိန်မှ ထပ်သုံးပေးပါ။

Photo Source:Pinterest

By MyStyle Myanmar