မျက်တောင်ရှည်ရှည်လေးတွေက မိတ်ကပ်မလိမ်းရင်တောင် သင့်မျက်နှာလေးကို ပိုလှစေတာ သင်သိပြီး ဖြစ်မှာပါ။ ဒါ့အပြင် မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း ဘာမှသိပ်လုပ်စရာမလိုဘဲနဲ့ကို မျက်တောင်ရှည်ရှည်လေးတွေကြောင့် ပိုလှနေလေ့ရှိပါတယ်။ မျက်တောင်တိုတဲ့ ပျိုမေများအဖို့တော့ အများစု လုပ်ကြတာကတော့ Eyelash Curl လုပ်တာ၊ Extension လုပ်တာ၊ မျက်တောင်တု တပ်တာ၊ မျက်တောင်ရှည်အောင် အမျိုးမျိုး Care လုပ်တာ စတာတွေကို လုပ်တတ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သဘာဝ နည်းလမ်းတွေနဲ့ မျက်တောင်ရှည်လာစေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ညဘက်မှာ လုပ်ရမယ့် အရာ

ဒါအတွက် ဆီတစ်မျိုးပဲ လိုအပ်ပါတယ်။ ဆီအမျိုးအစားကတော့ Castor Oil ကြက်ဆူဆီပါ။ ကြက်ဆူဆီကို သင့်မျက်တောင်ပေါ် ညတိုင်း လိမ်းပေးရပါမယ်။

၂။ မျက်တောင်လေးတွေကို ဖြီးပေးပါ

မျက်တောင်ဖြီးတဲ့ Comb သေးသေးလေးနဲ့ မျက်တောင်ကို ပုံမှန် ဖြီးပေးသင့်ပါတယ်။ ဒီလိုဆိုရင် မျက်တောင်လေးတွေ ရှည်လာနိုင်ပါတယ်။

၃။ ညတိုင်း Serum ကို သုံးပါ

ဒီ Serum ကို ရဖို့ သင်ကိုယ်တိုင် ရောစပ်ပေးရမှာပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဆူဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ ဗီတာမင် အီးနဲ့ Jojoba Oil တို့ပါ။ ဒီဆီတွေကို ရောစပ်ကာ မျက်တောင်ပေါ် လိမ်းရမှာပါ။ ဒီဆီအားလုံးက အမွှေးရှည်လာဖို့ ပံ့ပိုးပေးတဲ့ အဆီတွေ ဖြစ်ပါတယ်။

၄။ Vaseline

မျက်တောင်ရှည်လာဖို့ နောက်ထပ် နည်းလမ်းတစ်ခုကတော့ Vaseline ပါ။ ညတိုင်း Vaseline ကို မျက်တောင်ပေါက်တဲ့ တစ်လျှောက် လိမ်းပေးနိုင်ပါတယ်။

၅။ Lash Curler တွေကို လျှော့သုံးပါ

Lash Curler တွေက မျက်တောင်ကော့ဖို့ ပံ့ပိုးပေးပေမယ့် မျက်တောင်ရှည်ဖို့ကိုတော့ အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် Lash Curler နဲ့ လျှော့ကော့သင့်ပါတယ်။

၆။ မျက်တောင်ကော့ဆေး Mascara ကို နေ့တိုင်း မသုံးပါနဲ့

Mascara ကလည်း Lash Curler လိုပါပဲ။ နေ့တိုင်း သုံးမယ်ဆိုရင် မျက်တောင်ရှည်တာအတွက် အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ Mascara အစား Eyebrow Gel ကို သုံးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar