မျက်တောင်မွေးရှည်ရှည်နဲ့ ထူထူကော့ကော့လေးကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်နော်။

မျက်တောင်အတုတောင် တပ်ဖို့မလိုတော့အောင် သင့်ရဲ့ မျက်တောင်လေးတွေကို ရှည်လာစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်။

၁။ မျက်တောင်အတု နေ့တိုင်းမတပ်ပါနဲ့

မျက်တာင်နေ့တိုင်းကော့တာ၊ မျက်တောင်အတုကို နေ့တိုင်းတပ်တာဟာ သင့်မျက်တောင်ကို ပိုပြီး ပျက်စီးစေပါတယ်။ ဒါ့ကြောင့် မျက်တောင်အတု နေ့တိုင်းတပ်ခြင်းကို ရှောင်ပါ။

၂။ မိတ်ကပ်သေချာဖျက်မယ်

မိတ်ကပ်ကို သေချာဖျက်ပေးရပါမယ်။ မျက်လုံးနားမှာ လိမ်းထားတဲ့ Mascara တွေ Eyeshadow တွေကို သေချာလေး ဖျက်ပေးဖို့လိုအပ်ပါတယ်။

၃။ ဆီသုံးမယ်

အုန်းဆီ (သို့) သံလွင်ဆီကို လက်လေးပေါ် တို့ပြီး မျက်တောင်နားမှာ ညအိပ်ယာမဝင်ခင် လိမ်းပြီးအိပ်ပေးပါ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး မျက်တောင်ကို ရှည်လာစေပါတယ်။

၄။ ရှားစောင်းလက်ပပ်သုံးမယ်

ရှားစောင်းလက်ပပ်ဟာ သင့်ရဲ့ မျက်တောင်မွှေးကို စိုပြေစေပြီး ရှည်လာစေပါတယ်။ မျက်တောင်မွှေးနားမှာ ရှားစောင်းလက်ပပ်အနှစ်ကို မျက်တောင်မွှေးမှာ လိမ်းပေးလိုက်ပြီး တစ်ညလုံးထားပါ။ မနက်ကျရင် မျက်နှာသစ်ချလိုက်ပါ။

၅။ Green Tea သုံးမယ်

Green Tea က သင့်ရဲ့ ဆံပင်၊ မျက်တောင်မွှေးတွေအတွက် ကောင်းမွန်ပါတယ်။ Green Tea ကို အေးအောင်ထားပြီး ဝါဂွမ်းလေးနဲ့ တို့ကာ မျက်တောင်နားမှာလိမ်းပေးလိုက်ပါ။