သင်က ဆံသားပြောင်ပြောင်လေးနဲ့ ဖြောင့်စင်းတဲ့ ဆံကေသာ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို ပြုလုပ်နိုင်ပါတယ်။ သင်က ဆံကေသာအတွက် ဘယ် Hair Care ကိုသုံးရမှန်းမသိဘူးဆိုရင် ဒီနည်းလမ်းအတိုင်း စမ်းသပ်ကြည့်နိုင်ပါတယ်။
ဒီနည်းလမ်းထဲ ပါဝင်တဲ့ပစ္စည်းတွေက အိမ်မှာပဲ ရနိုင်တဲ့ ပစ္စည်းတွေဖြစ်တာကြောင့် သင့်အတွက် အဆင်ပြေမှာပါ။
လိုအပ်တဲ့ပစ္စည်းတွေကတော့-
ကြက်ဥနှစ်လုံး
Photo Source: Mia Adora Beauty
ကြက်ဥက သင့်ဆံကေသာအတွက် လိုအပ်တဲ့ဗီတာမင်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဆိုလိုတာက အသစ်ပေါက်လာတဲ့ ဆံသားက ပိုသန်မာလာပြီး ဆံသားကျိုးတာဖြစ်နိုင်ချေ နည်းပါတယ်။ ဆံပင်ရှည်တာ ပိုမြန်ဆန်စေပါတယ်။
Mayonnaise
Photo Source: Pinterest
Mayonnaise က ဆံသားကို ပြောင်လက် တောက်ပစေပါတယ်။ ဆံသားအရင်းကနေ အဖျားအထိ အားဖြည့်ပေးပါတယ်။
Olive Oil
Photo Source: Pinterest
သံလွင်ဆီက ဆံပင် အစိုဓာတ် ပေးစွမ်းနိုင်ပါတယ်။ ဦးရေပြား ယားယံခြင်းကို သက်သာစေပါတယ်။ ဗောက်သက်သာစေပါတယ်။
ပျားရည်
Photo Source: Pinterest
ပျားရည်က ခြောက်သွေ့တဲ့ ဆံကေသာအတွက် အစိုဓာတ်ခရင် တစ်မျိုးပါပဲ။ ဆံသားကို တောက်ပစေပြီး ဆံပင် စိုစိုပြေပြေလေး ဖြစ်နေစေပါတယ်။
ဒီပါဝင်ပစ္စည်းတွေကို ခွက်တစ်ခွက်ထဲ ထည့်ပြီး ရောမွှေပေးရပါမယ်။ ပြီးနောက် ဆံပင် အရင်းကနေ အဖျားအထိ လိမ်းပေးရပါမယ်။ ဦးရေပြားကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရပါမယ်။ လိမ်းပြီးနောက် တစ်နာရီ ထားပေးရပါမယ်။
ပြီးနောက် ရေဆေးချနိုင်ပါပြီ။
By MyStyle Myanmar