ဒီတစ်ခေါက်မှာတော့ Lip Filler ထိုးပြီးနောက် ရလာတဲ့ နှုတ်ခမ်းဖူးဖူးလေး အတိအကျ မဖြစ်ရင်တောင် ချောမွေ့ပြီး ကျန်းမာတဲ့ နှုတ်ခမ်းဖူးဖူးလေး ကို ပိုင်ဆိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ အရာတွေကို ပိုလှအောင် ကိုယ့်ဘာကိုယ် ဖန်တီးတတ်တာလည်း အရည်အချင်းတစ်ခုပါပဲ။ သင်က Lip Filler မထိုးဘဲ ကျန်းမာပြီး ကြည့်ကောင်းတဲ့ နှုတ်ခမ်းမျိုး လိုချင်ရင်တော့ အောက်ပါအတိုင်း နှုတ်ခမ်းကို ဂရုစိုက်နိုင်ပါတယ်။

၁။ နှုတ်ခမ်းကို နှိပ်နယ်ပေးပါ

Video Source: YouTube

သင့်နှုတ်ခမ်းကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဒီလို နှိပ်နယ်တဲ့နေရာမှာ အုန်းဆီ၊ သံလွင်ဆီ စတဲ့ အဆီတွေကို သုံးနိုင်ပါတယ်။ အုန်းဆီမှာ ပါတဲ့ အက်ဆစ်ဓာတ်က နှုတ်ခမ်းကို ပိုချောမွေ့စိုပြေစေပါတယ်။ သံလွင်ဆီကတော့ နှုတ်ခမ်းခြောက်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။

၂။ သန့်စင်တဲ့ ဘရပ်ရှ်နဲ့

Photo Source: The Indian Express

နှုတ်ခမ်းပေါ်က ဆဲလ်သေတွေ ဖယ်ရှားဖို့ အိမ်မှာရှိတဲ့ သန့်စင်တဲ့ သွားတိုက်တံကို သုံးနိုင်ပါတယ်။ သွားတိုက်တံနဲ့ နှုတ်ခမ်းကို ညင်သာစွာ ပွတ်တိုက်ပေးတဲ့အခါ ဆဲလ်သေတွေ ကွာကျပြီး နှုတ်ခမ်းက ကြည်ကြည် တင်းတင်းလေး ဖြစ်လာပါလိမ့်မယ်။

၃။ ဆဲလ်သေတွေ ကွာကျပြီးနောက်

Photo Source: Dailyhunt

သွားတိုက်တံနဲ့ နှုတ်ခမ်းကို ပွတ်ပေးပြီးနောက်မှာတော့ အုန်းဆီကို နှုတ်ခမ်းထဲ စိမ့်ဝင်အောင် သေချာ သုတ်လိမ်းပေးပါ။ အုန်းဆီက နှုတ်ခမ်းကို စိုပြေတောက်ပစေပြီး နှုတ်ခမ်းဖူးဖူးလေး Effect ကို ပိုင်ဆိုင်စေပါတယ်။

By MyStyle Myanmar