သင်က သင့်ကောင်လေး ဒါမှမဟုတ် သင်စိတ်ဝင်စားတဲ့ကောင်လေးကို သင်မှသင် ဖြစ်နေစေဖို့ ဖန်တီးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ သူနဲ့တွေ့တိုင်း သီချင်းတစ်ပုဒ်တည်းကို ဖွင့်ပေးပါ

သူနဲ့ တွေ့တဲ့အချိန်တိုင်း တူညီတဲ့သီချင်းတစ်ပုဒ်တည်းကို ထပ်ခါ ထပ်ခါ ဖွင့်ပေးပါ။ သူက သင်နဲ့ မတွေ့တဲ့အချိန်မှာတောင် ဒီသီချင်းသံကိုကြားရင် သင့်ဆီ စိတ်ရောက်နေပါလိမ့်မယ်။

၂။ လျို့ဝှက်ချက်နဲ့နေထိုင်ပါ

ကိုယ့်အကြောင်းတွေ သူ့ဆီ အလုံးစုံမသိစေဘဲ လျို့ဝှက်ချက်တွေပြည့်နှက်နေတဲ့မိန်းကလေးတစ်ယောက်လို နေထိုင်သင့်ပါတယ်။

၃။ ကိုယ်ပိုင် ရေမွှေးရနံ့

သင်သုံးနေကျ ရေမွှေးအနံ့တစ်မျိုးမျိုး ရှိနေသင့်ပါတယ်။ သင့်ကို သတိရတိုင်း သင့်မွှေးရနံ့လေးက သူ့စိတ်ထဲ စွဲနေစေမှာပါ။

၄။ သူနဲ့စကားပြောတဲ့အချိန်

တစ်ခါတလေ သူ့ဆီက စာပို့တဲ့အချိန် Reply မပြန်ဘဲ တစ်ရက်လောက် နေပစ်လိုက်ပါ။

၅။ ရုတ်တရက်ဆန်တဲ့အပြုအမူ

သူမထင်ထားတဲ့အချိန်မှာ ရုတ်တရက်စာပို့ထားပြီး ဒါကို ဖျက်ပစ်ပါ။ သူ့စိတ်ထဲ သင့်ကို ထူးခြားတယ်ဆိုပြီး တွေးမိပါလိမ့်မယ်။

၆။ သူ့နာမည်လေးကို ခေါ်လိုက်ပါ

သူ့ဆီ စာပို့တဲ့အချိန် နာမည်လေးပဲ ခေါ်ထားလိုက်ပါ။ ဘာမှဆက်မပြောဘဲ ဒီအတိုင်း ဆက်နေလိုက်ပါ။

ဒီအချက်တွေကတော့ ယောကျာ်းလေးတစ်ယောက်ရဲ့စိတ်ထဲ သင်အမြဲရှိနေစေမယ့် အကြံပေးချက်တွေပဲ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar