ဓာတ်ပုံလှလှလေးတွေကို Social Media ပေါ်မှာ တင်ရတာ ဝါသနာပါတဲ့ မိန်းကလေးများစွာ ရှိပါတယ်။ တင်နေကျ မဟုတ်တဲ့သူတွေတောင် တစ်ခါတလေ ဓာတ်ပုံတင်တတ်ကြပါသေးတယ်။ ဒီလိုတင်တဲ့အချိန် မိန်းကလေး အများစု လိုချင်တာက ဓာတ်ပုံထဲ လှနေတာ၊ ပေါ့ပေါ့ပါးပါး ဖြစ်နေတာ၊ သဘာဝကျတာ စသဖြင့် ဖြစ်ပါတယ်။ လှတဲ့ဘက်ကို ဦးစားပေးချင်တဲ့ ပျိုမေတို့အနေနဲ့ ဓာတ်ပုံမရိုက်ခင် မိတ်ကပ်လိမ်းထားတာ၊ အဝတ်အစားကို သေချာဝတ်ဆင်တာ စသဖြင့် ပြင်ဆင်ပေးသင့်ပါတယ်။ ဒီလိုမှ ဘာမှ လုပ်စရာမလိုဘဲနဲ့ကို ဓာတ်ပုံထဲ လှနေမှာပါ။ ဒါ့အပြင် ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း ထပ်ထည့်ပေးရမယ့် အရာတစ်ခုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ။

ဒီတစ်ခေါက်မှာတော့ အများကြီး ကြိုးစားစရာမလိုဘဲ လှနေစေမယ့် ပို့စ်ပေးနည်းတွေကို ဖော်ပြပါရစေ။

၁။ ခေါင်းလေးကို စောင်းပြီး ပြုံးနေတာ

ဒီပို့စ်မှာ အဓိက လိုအပ်တာက ဆံပင်နဲ့ အပြုံးပါ။ ကျန်းမာတဲ့ ဆံသားနဲ့အတူ ဟန်ဆောင်မှု ကင်းတဲ့ အပြုံးက ဘာမှအားထုတ်စရာမလိုဘဲ လှနေမှာပါ။

၂။ လက်ကလေး ထောက်ပြီး ခေါင်းစောင်းထားတာ

သင်က Cuttie Pose ပေးချင်ရင် ပါးတစ်ဘက်ကို လက်နဲ့ ထောက်ထားကာ မျက်လုံးတစ်ဖက် မှိတ်တဲ့ပုံစံလေးက ထိရောက်မှာပါ။

၃။ ကင်မရာနား အနီးကပ်

သင်က ခေါင်းပေါ်မှာ ဘီးကုတ်တပ်ထားပြီး မိတ်ကပ်လိမ်းထားမယ်ဆိုရင် ကင်မရာနဲ့ အနီးကပ် ပါးလေးကို လက်နဲ့ကပ်ကာ ပို့စ်ပေးနိုင်ပါတယ်။

၄။ အဝေးကို ကြည့်ပြီး ပြုံးနေတာ

သင်က ကင်မရာကို မကြည့်ချင်ရင် မျက်နှာကို ဘေးတစ်စောင်းထားကာ အဝေးတစ်နေရာ ပြုံးပြီး ကြည့်တဲ့ ပို့စ်မျိုး လုပ်ကြည့်နိုင်ပါတယ်။

၅။ လက်ထောက်ထားတာ

ကင်မရာထဲ လှုပ်ရှားမှု ပါနေစေဖို့ လက်ထောက်ပြီး ပြုံးနေတာလေးက အသက်ဝင်ပါတယ်။

၆။ အပြင်ဆိုင်ထိုင်တဲ့အချိန်

ကိုယ့်ကို ကင်မရာနဲ့ ရိုက်ပေးတဲ့သူကို ရယ်စရာ တစ်ခု ပြောခိုင်းပြီး သင်ရယ်နေတဲ့အချိန် လက်ထောက်ထားပြီး အမှတ်တမဲ့ ဓာတ်ပုံရိုက်လိုက်တာက ချစ်စရာပို့စ်လေးကို ရစေမှာပါ။

၇။ လက်နှစ်ဘက်ကို ထောက်ပြီး တခြားဘက်ကြည့်နေတာ

သင့်လက်နှစ်ဘက်လုံးကို မျက်နှာဘေး ထောက်ထားကာ တခြားဘက် ကြည့်နေတာက သိပ်ကြိုးစားစရာ မလိုတဲ့ ပို့စ်ပေးနည်းပါ။

၈။ အရောင်တိုက်မယ်

သင်သုံးတဲ့ ဖုန်း Cover အလိုက် အင်္ကျီအရောင်ကိုလည်း ဆင်တူဝတ်ကာ ဓာတ်ပုံရိုက်တာကလည်း ကြည့်ကောင်းတဲ့ ပုံကို ပ်ိုင်ဆိုင်စေပါတယ်။

၉။ နေရောင်ကို အားကိုးမယ်

နေရောင်က ဓာတ်ပုံကောင်းတစ်ပုံထွက်ဖို့ ပံ့ပိုးပေးတဲ့အရာပါ။ သင်က SkinCare ပြီးနောက်နေ့ သင့်အလှကို ပြချင်ရင် ဒီပုံစံလေး ရိုက်ကြည့်သင့်ပါတယ်။

၁၀။ မျက်နှာလေးကို ကွယ်ကာ တခြားဘက် ကြည့်နေတာ

သင့်နှုတ်ခမ်းလေးကို လက်နဲ့ ကွယ်ထားကာ တခြားဘက် ကြည့်နေတာက မပြုံးချင်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar