အခုနောက်ပိုင်း ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ မိန်းကလေးတွေကြားရေပန်းစားလာတာကတော့ Sunset Lamp ပါ။

ဓာတ်ပုံရိုက်ဖို့ အလှဆုံးအချိန်က နေဝင်ခါနီးအချိန်ဖြစ်တယ်ဆိုတာကိုတော့ သင်သိပြီးဖြစ်မှာပါ။ Sunset Lamp ကိုလည်း ဒီရည်ရွယ်ချက်နဲ့ ထုတ်ထားပုံပါပဲ။ Sunset Lamp နဲ့ ရိုက်လိုက်တဲ့အခါ Effect သပ်သပ်ထည့်စရာမလိုဘဲ သင့်အသားအရေကို ဝင်းဝင်းပပလေး ဖြစ်စေပြီး ထူးခြားသွားစေပါတယ်။ သင့်မှာ Sunset Lamp တစ်ခုရှိတယ်ဆိုရင် ဒီရှေ့မှာ ဘယ်လိုပို့စ်ပေးရင် လှမလဲ သိဖို့ လိုပါပြီ။ ဒီတော့ ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

Sunset နဲ့ အရောင်တူတဲ့ ဝတ်စုံနဲ့အတူ Jewelry ကို ဦးစားပေးလိုက်တဲ့အခါ သင့်ကို ပုံထဲကလို ခပ်မိုက်မိုက် ပုံစံရစေမှာပါ။

မျက်နှာတစ်ဝက်ကို အရောင်ဟပ်ပြီး ကျန်တစ်ဝက်ကို အရောင်ချထားတဲ့ပုံစံ

ပန်းပွင့်ကိုင်ပြီး ရိုက်တာကလည်း သင့်ကို ဂန္တဝင်ဆန်စေမှာပါ။

မျက်နှာမပြချင်တဲ့ ပျိုမေတို့အတွက် နောက်ခိုင်းပို့စ်

ပန်းပွင့်နဲ့ နှုတ်ခမ်းကို ကာထားတဲ့ပုံစံ

Sunset နဲ့အတူ ပန်းပွင့်တွေထည့်ပေးတာက သဘာဝကျကျနဲ့ စိတ်ဝင်စားစရာကောင်းစေပါတယ်။

နောက်က အရိပ်ကို ဦးစားပေးချင်သူတွေအတွက်

Sunset Lamp ပါ အတူတွဲရိုက်ထားတဲ့ အမိုက်စား Shot

ဆံပင်ဆိုးထားတဲ့ မိန်းကလေးတွေအတွက်

အရိပ်နဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပြမယ်

Sunset Lamp နဲ့ ရိုက်ထားတဲ့ပုံတွေထဲက ဘယ်ပုံကိုအကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး။

Photo source: Pinterest

By MyStyle Myanmar