အလှ ဓာတ်ပုံကောင်းတစ်ပုံရဖို့ ကြည့်ကောင်းနေမှ ၊ ချစ်ဖို့ကောင်းနေမှ ရတာမဟုတ်ပါဘူး။ ကိုယ် စိတ်ကူးကောင်းရင် ကောင်းသလို ပုံစံအမျိုးမျိုး ဖန်တီးနိုင်ပါတယ်။

ဓာတ်ပုံရိုက်ချင်ပေမယ့် ကိုယ့်မျက်နှာကို သိပ်မပြချင်တဲ့ ကောင်မလေးတွေက များသောအားဖြင့် ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းတတ်သူ၊ လျို့ဝှက်စွာ နေထိုင်တတ်သူ၊ သိုသိုသိပ်သိပ် နေထိုင်တတ်သူတွေ ဖြစ်ပါတယ်။

သင်က မျက်နှာသိပ်အသားမပေးဘဲ Profile Photo ရိုက်ချင်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်မျက်နှာကို သိပ်မပြချင်လို့ပဲဖြစ်ဖြစ် အောက်ဖော်ပြပါ ပို့စ်ပေးနည်း စိတ်ကူးတွေကို နမူနာ ယူန်ိုင်ပါတယ်။

သောက်စရာတစ်ခုခုနဲ့ မျက်နှာကို ကွယ်ထားတာ

လက်နှစ်ချောင်းထောင်ကာ မျက်နှာကိုကွယ်ပြီး Peace Sign

Mirror Selfie ကိုမှ မျက်နှာကို ကွယ်ထားကာ ပန်းစည်းကိုင်ထားပြီး ပို့စ်လှလှလေး ပေးမယ်

ခန္ဓာကိုယ် ကောက်ကြောင်းပြချင်သူတွေ အတွက်

တစ်နေရာမှာ ဘေးစောင်းထိုင်ကာ ဆံပင်ကို ကိုင်ထားမယ်

Mask ဝတ်ထားကာ တစ်နေရာကို ငေးနေတဲ့ ပုံစံ

တိလေးနဲ့ မျက်နှာကို ကွယ်ထားတဲ့ ချစ်စဖွယ် ပို့စ်

နောက်ခိုင်းကာ တခြားတစ်နေရာကို ဓာတ်ပုံ ရိုက်နေတဲ့ ပုံစံ

အင်္ကျီပြင်ဝတ်သလိုနဲ့ အောက်ဘက်ငုံ့နေတဲ့ပို့စ်

ကဗျာဆန်ဆန် ရှုခင်းကြည့်မယ်

စားသောက်ဆိုင်တစ်ဆိုင်မှာ ဘေးစောင်းထိုင်ကာ မျက်နှာကို သင့်ဆံပင်နဲ့ ကွယ်ထားမယ်

ဦးထုပ်စောင်းကာ ဖုန်းငုံ့ကြည့်နေတဲ့ ပို့စ်

Photo Source: Pinterest

By MyStyle Myanmar