မဂ်လာပါနော်။ အသားအရေလှဖို့ ဘာလုပ်ရမလဲဆိုတာကို သိချင်နေတဲ့သူတွေအတွက် MyStyle Myanmar က မျှဝေပေးသွားမှာဖြစ်ပါတယ်။ အသားအရေလေး ကြည်လင်လှပနေမယ်ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာစေမှာဖြစပါတယ်။

ကိုယ့်အသားအရေ အမျိုးအစားကို သိပါ

၁။ အသားအရေအမျိုးအစားများ

သင့်မျက်နှာအသားအရေဟာ အဆီပြန်တဲ့အသားအရေလား၊ ခြောက်သွေ့တဲ့အသားအရေလား၊ ပေါင်းစပ်အသားအရေလား၊ ပုံမှန်အသားအရေလား၊ Sensitive ဖြစ်တဲ့ အသားအရေလား ဆိုတာကိုအရင်ဆုံးသိထားဖို့လိုပါတယ်။

၂။ ကိုယ့်အသားအရေ အမျိုးအစားကို ဘယ်လိုသိနိုင်မလဲ

အသားအရေအမျိုးအစား ဘယ်နှစ်မျိုးရှိတယ်ဆိုတာကို သိပြီးပြီဆိုတော့ အရင်ဆုံး ကိုယ့်အသားအရေအမျိုးအစားကို သိနိုင်ဖို့ မျက်နှာသစ်လိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်လိုက်ပါ။

အဆီပြန်တဲ့အသားအရေကတော့ ချွေးပေါက်ကျယ်တဲ့သူတွေမှာ အဓိက တွေ့ရလေ့ရှိပြီး၊ ခြောက်သွေ့အသားအရေကတော့ မျက်နှာသစ်ပြီးရင် အသားအရေက တင်းတင်းကြီးဖြစ်နေပြီး ချွေးပေါက်ကျဉ်းတဲ့သူတွေမှာ အဖြစ်များပါတယ်။ ပေါင်းစပ်အသားအရေကတော့ T zone ဆိုတဲ့ နဖူး၊ နှာခေါင်းနဲ့၊ မေးစေ့တို့မှာ အဆီပြန်နေတတ်ပါတယ်။ သာမန်အသားအရေကတော့ သင့်အသားအရေက အဆီနည်းနည်းရှိပြီး အသားအရေလည်း တင်းတင်းကြီးဖြစ်မနေပါဘူး။ Sensitive ဖြစ်တဲ့ အသားအရေကတော့ အားလုံးသိကြတဲ့အတိုင်းပဲ မျက်နှာအလွယ်တကူ နီတတ်တာ၊ ယားတတ်တာမျိုးဖြစ်ပါတယ်။ ကိုယ်နဲ့မတည့်ရင်လည်း ယားယံတာ၊ အဖုလေးတွေထွက်တာမျိုးဖြစ်တတ်လို့ ကိုယ်နဲ့တည့်တဲ့ အလှပြင်ပစ္စည်းတွေကို သေချာရွေးဝယ်သင့်ပါတယ်။

တစ်ပတ်အတွင်း အသားအရေ ကြည်လင်လှပစေဖို့

၁။ မိတ်ကပ်သေချာဖျက်ပါ

တချို့က မိတ်ကပ်ကို မျက်နှာသစ်ပြီးရင် ပျက်သွားပြီလို့ထင်ကြပါတယ်။ အဲဒါဟာ မမှန်ပါဘူး။ တိုနာနဲ့ မိတ်ကပ်ကို အရင်ဖျက်တာ (သို့) Cleaner နဲ့ မိတ်ကပ်ကို သေချာဖျက်ပေးပြီးမှ မျက်နှာသစ်ပါ။

၂။ မျက်နှာသစ်မယ် ၊ တိုနာလိမ်းမယ်၊ Moisturizer လိမ်းမယ်

မျက်နှာအသားအရေလေး ပိုပြီး ကြည်လင်ချင်တဲ့သူတွေအနေနဲ့ အရင်ဆုံး မျက်နှာသစ်ပြီးရင် တိုနာအရင်လိမ်းပါ။ ပြီးရင် နို့ရည်လိမ်းပါ။

၃။ စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုများနေရင် အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးဖို့လိုပါတယ်။ အဲဒီအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။

၄။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာစားပါ

အသင့်စားအစားအစာတွေ၊ အမြန်စားအစားအစာတွေ မစားဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို အာဟာရဓာတ် သင့်တင့်မျှတအောင် စားသုံးပေးပါ။ သကြား၊ အချိုရည်နဲ့ တခြားအသင့်စားအစားအစာတွေကို ရှောင်ပေးပါ။

၅။ ရေများများသောက်ပါ

ရေသောက်ပေးတာဟာ သိပ်ကိုအရေးကြီးပါတယ်။ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ရေသောက်ပေးသင့်ပါတယ်။ တစ်နေ့ကို ရေ အနည်းဆုံး ၈ခွက်သောက်ပါ။

၆။ Suncreen သုံးပါ

နေရောင်ခြည်မှာ ပါဝင်တဲ့ UV ဓာတ် ထိတွေ့မှုကနေ ကာကွယ်ဖို့ Suncreen သုံးပေးရပါမယ်။ အသားအရေအတွင်း အမည်းစက်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်သလို၊ ကင်ဆာဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

၇။ မျက်နှာကိုခဏခဏမထိပါနဲ့

ဝက်ခြံပေါက်ရင်ဖြစ်ဖြစ်၊ မျက်နှာယားရင်ဖြစ်ဖြစ် လက်နဲ့ မျက်နှာကို အလွယ်တကူ ထိတွေ့မိကြလေ့ရှိပါတယ်။ အဲဒီလို မျက်နှာကို ခဏခဏ ထိတွေ့ခြင်းကနေ ရှောင်ကျဉ်ပေးပါ။ လက်မှာ ဘက်တီးရီးယားတွေ ကပ်ညှိနေတာမို့ မျက်နှာပေါ်ကအဆီနဲ့ ရောသွားပြီး ဝက်ခြံဖြစ်စေပါတယ်။