သင့်အသားအရေက တစ်နေ့ထက်တစ်နေ့ ပိုညစ်လာတယ်လို့ ခံစားနေရလား ? မှန်ကြည့်တိုင်း စိတ်ညစ်နေရရင် သဘာဝနည်းလမ်းတွေနဲ့ အိမ်တွင်းကုထုံးနည်းတွေသုံးပြီး 10 ရက်အတွင်း ကြည်လင်တဲ့အသားအရေကို ရရှိနိုင်ပါတယ်။ ကျန်းမာပြီး တောက်ပြောင်တဲ့ အသားအရေကို လိုချင်တယ်ဆိုရင်တော့ ဒီနည်းတွေကို စမ်းကြည့်ပါ။

ရေသောက်ပါ

ရေသည် ခန္ဓာကိုယ်နဲ့ အသားအရေကို ကျန်းမာစေပါတယ် ။ တစ်နေ့ကို အနည်းဆုံး ရေ 8 ဖန်ခွက်သောက်ပေးရင် အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး နူးညံ့ချောမွေ့စေပါတယ်။ ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒါဟာ သင့်မျက်နှာကို ကျန်းမာတောက်ပစေဖို့အတွက် ပထမဆုံးခြေလှမ်းပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို စားပါ

ကာရိုတင်းနွိုက်နဲ့ ဘီတာကာရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေကို များများစားတာက မျက်နှာအသားအရေရဲ့ အရောင်နဲ့ အသွင်အပြင်ကို တိုးတက်စေတယ်လို့ လူသိများပါတယ်။ ဒါ့ကြောင့် လတ်ဆတ်တဲ့မုန်လာဥနီ၊ ကန်စွန်းဥ၊ အစိမ်းရောင် အရွက်စိမ်းများ၊ သခွားမွှေးသီး၊ အနီရောင်နဲ့ အဝါရောင် ငရုတ်သီး၊ သရက်သီး စတဲံ ဘီတာကာရိုတင်း အများအပြား ပါဝင်တဲ့အစားအစာများကို စားပေးပါ။

ချွေးထွက်အောင်လုပ်ပေးပါ

ချွေးက အရေပြားကနေ အညစ်အကြေးများနဲ့ အဆိပ်အတောက်များကို ခန္ဓာကိုယ်ကနေ ထုတ်ပေးတဲ့ သဘာဝ ယန္တရားတပါ။ ချွေးထွက်စေနိုင်တဲ့ ဘယ်လေ့ကျင့်ခန်းမဆို ချွေးပေါက်တွေကို သန့်စင်အောင် ကူညီပေးတဲ့အတွက် 10 ရက်ကြာ တောက်ပတဲ့ အသားအရေကို ရရှိစေမှာပါ။

ကောင်းမွန်စွာအိပ်စက်ပါ

အိပ်ချိန်မမှန်တာက အရေပြားကို ထိခိုက်စေနိုင်ပြီး အာဟာရဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ အရေပြားရဲ့ pH ပမာဏမညီမျှမှုကို ဖြစ်ပေါ်စေပြီး ခြောက်သွေ့ခြင်း၊ ကွက်တိသောအရောင်၊ နီမြန်းခြင်းနှင့် ရှုတ်ထွေးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးမလာခင်မှာ အိပ်ချိန်ကို အလေးအနက်ထားပြီး အိပ်ရာထဲမှာ အနည်းဆုံး အချိန် 6-8 နာရီရှိဖို့ အရေးကြီးပါတယ်။

အသားအရေထိန်းသိမ်းမှု ပုံမှန်အတိုင်း လိုက်နာပါ

ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေဖို့ CTM လို့ခေါ်တဲ့ r Cleansing, Toning နဲ့ Moisturizing ကို တစ်နေ့နှစ်ကြိမ် လုပ်ပေးပါ။ အသားအရေကို သိသိသာသာ ဖြူဝင်းလာစေဖို့ တစ်ပတ်လျှင် တစ်ကြိမ် သန့်စင်ပေးပါ။

Sunscreen သုံးပေးပါ

နေရောင်ခြည်က အသားအရေကိုပျက်စီးစေတဲ့ နောက်ကွယ်က အဓိကတရားခံပါ။ ဒါကြောင့် အပြင်မထွက်မီ အနည်းဆုံး SPF 30 ရှိတဲ့ Sunscreen ကိုအနည်းဆုံး 15 မိနစ်ခန့် သင့်မျက်နှာ၊ လည်ပင်းနှင့် လက်များကို အညီအမျှ လိမ်းပေးပါ။

Natural Face Mask သုံးပေးပါ

10 ရက်အတွင်း တောက်ပတဲ့အသားအရေပိုင်ဆိုင်နိုင်ဖို့ Natural Face Mask ကို သုံးပေးပါ။ နို့နဲ့ နနွင်း၊ အာလူးနှင့် သံပုရာရည်၊ ခရမ်းချဉ်သီးနဲ့ ပျားရည် စတဲ့ သဘာဝ Face Mask တွေက နေလောင်တာ အမဲစက်နဲ့ အသားအရေမညီညာတာတွေကို ဖယ်ရှားပေးပါတယ်။

ဆေးလိပ်နဲ့အရက်ကိုရှောင်ပါ

အပြစ်အနာအဆာကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကို ရှောင်ရပါမယ်။ ဒါတွေက သင့်အသားအရေအတွက်သာမက သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စနစ်ကိုလည်း ဆိုးရွားစေပါတယ်။