အသားအရေတောက်ပတယ် စိုပြေတယ်ဆိုတာ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ထားခြင်းပါ။ ဒါပေမဲ့ အိပ်ရေးပျက်တာ၊ အသက်အရွယ်ရလာတာ၊ နေအပူဒဏ်စတာတွေကြောင့် အသားအရေက ပျက်စီးပြီး ခြောက်သွေ့သွားတတ်ပါတယ်။ ဒီတော့ သဘာဝ အသားအရေ စိုစိုလေးကို ပြန်ရဖို့ နည်းလမ်းတွေကို ပြောပြပါရစေ။

၁။ ပုံမှန် မျက်နှာသန့်ရှင်းပါ


မျက်နှာပေါ်မှာကပ်နေတဲ့ ဖုန်တွေ၊ အဆီပြန်တာနဲ့ လေထုညစ်ညမ်းမှုတွေကြောင့် အသားအရေပျက်စီးတတ်ပါတယ်။ ဒါကြောင့် မနက်မိုးလင်းနဲ့ အိပ်ခါနီးတိုင်း မျက်နှာသစ်ပေးပါ။ အသားအရေခြောက်သွေ့တတ်ရင်တော့ ညဘက် မျက်နှာသစ်စရာမလိုပါဘူး။

၂။ ချေးချွတ်ပေးပါ


မျက်နှာကို Scrub ပုံမှန်လုပ်ပေးပါ။ တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ Scrub လုပ်ပြီးနောက် နေလောင်ကာ ခရင်လိမ်းဖို့လည်း မမေ့ပါနဲ့နော်။

၃။ တောက်ပတဲ့ Brightening Effect ပါတဲ့ Skin Care မျိုးသုံးပါ

Skin Care အညွှန်းတွေပေါ်မှာ တောက်ပစေတဲ့ “Brightening” ဆိုတဲ့ စာလုံးပါတာတွေ ရွေးချယ်ဝယ်ပါ။ ဗီတာမင်စီပါဝင်တဲ့ Skin Care ကိုသုံးပေးပါ။

၄။ ရေဓာတ်ထိန်းခြင်း

ရေဓာတ်ပြည့်ဝဖို့ အမြဲဂရုစိုက်ပေးပါ။ ရေဓာတ်ထိန်းခရင် Moisturizer လိမ်းပေးပါ။ ရေများများသောက်ပေးပါ။


၅။ အစားအသောက်


ပြင်ပ အသားအရေဂရုစိုက်မှုအပြင် အတွင်း အသားအရေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ ကိုယ်စားသောက်တဲ့ အစားအသောက်မှာ အစေ့အဆံနဲ့ စပျစ်သီး ဘယ်ရီသီး စတာတွေ ပါဝင်အောင်စားပေးပါ။ အသီးအရွက်များများစားပေးပါ။

၆။ အရေပြားကျွမ်းကျင်ပညာရှင်

အသားအရေပျက်စီးလွန်းတာ၊ ဒါမှမဟုတ် ဝက်ခြံများလွန်းတာဆိုရင်တော့ ကျွမ်းကျင်ပညာရှင်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ပျိုမေတိုင်း တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်ကြပါစေနော်။

Photo Source: Pinterest

By MyStyle Myanmar