ဝက်ခြံ၊ အပူဖု စတာတွေက လူငယ် Teenager အရွယ်မှာ ပိုထွက်လေ့ရှိပါတယ်။ ဒါ့အပြင် လူငယ်တွေမှာ ဝက်ခြံက လူလတ်ပိုင်းတွေထက် ပိုထွက်နေတတ်ပါတယ်။ သင်က သင့်ရဲ့ ငယ်ရွယ်တဲ့ အသားအရေကို ပိုလှအောင် ထိန်းသိမ်းချင်သူဆိုရင် ထိန်းသိမ်းနည်းတွေကို သိထားသင့်ပါတယ်။

လူငယ်အရွယ်မှာ Glow Skin ပိုင်ဆိုင်မယ်ဆိုရင် မိတ်ကပ်တောင် အထူးတလည် မလိုပါဘူး။ ငယ်ရွယ်တဲ့ အသားအရေ ဖြစ်တာကြောင့် ပိုတောင်လှနေဦးမှာပါ။ ဒီတော့ လူငယ်မိန်းကလေးတွေအတွက် Glow, Clear Skin ကို ပိုင်ဆိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ မျက်နှာသစ်တဲ့အခါ

လူငယ် မိန်းကလေးတွေအနေနဲ့ တစ်နေ့မှာ မျက်နှာ နှစ်ခါ ပုံမှန်သစ်ပေးဖို့ လိုပါတယ်။ ဒီလိုမှ ဆဲလ်သေတွေ ပါသွားပြီး မျက်နှာအသားအရေ ပေါ့ပါး စိုပြေစေမှာပါ။

၂။ ရေများများသောက်ပါ

လူငယ် ကောင်မလေးတွေအနေနဲ့ ရေဘူး အကြီးတစ်ဘူး ဝယ်ထားပြီး ဘေးမှာ အမြဲ ဆောင်ထားသင့်ပါတယ်။ မဟုတ်ရင် ရေသောက်ဖို့ မေ့တတ်လွန်းလို့ပါ။ ရေများများသောက်ပေးမယ်ဆိုရင် သင့်အသားအရေက သိပ်ထိန်းသိမ်းစရာ မလိုဘဲ စိုပြေနေပါလိမ့်မယ်။

၃။ Green Tea သောက်ပါ

Green Tea ရဲ့ အသားအရေအတွက် ကောင်းကျိုးတွေကတော့- အသားအရေ ယားယံတာကို လျှော့ချပေးခြင်း၊ ယောင်ယမ်းတာ သက်သာစေခြင်း၊ အသားအရေ နီမြန်းတာ သက်သာစေတာ စတာတွေ ဖြစ်ပါတယ်။ Green Tea က သင့်အသားအရေအတွက် သင့်တော်တဲ့ သဘာဝပစ္စည်း တစ်မျိုးပါ။

၄။ Exfoliate

ချေးချွတ်တာကလည်း မဖြစ်မနေ လုပ်ပေးရမယ့် အချက်ပါ။ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် Exfoliate လုပ်ပေးရပါမယ်။ လူငယ်တွေ အနေနဲ့ ငယ်သေးတယ်ဆိုပြီး ဒီအဆင့်ကို ကျော်သွားလို့ မရပါဘူး။

၅။ အိပ်ခါနီးတိုင်း မိတ်ကပ်ဖျက်ပါ

ငယ်ရွယ်တဲ့ အသားအရေက ပျက်စီးဖို့ အခွင့်အလမ်း နည်းပေမယ့် ညအိပ်ရာဝင်ခါနီးရင်တော့ မိတ်ကပ်ကို မဖြစ်မနေ ဖျက်ပေးရပါမယ်။ မိတ်ကပ်က သင့်မျက်နှာကို အိုမင်းရင့်ရော်မှု ပိုမြန်ဆန်စေနိုင်ပါတယ်။

၆။ သင့်အတွက် အဆင်ပြေတဲ့ Skincare Routine ကို ရှာဖွေပါ

Toner ပြီးရင် Essence, Emulsion, Moisturizer စသဖြင့် ကိုယ့်အတွက် အသားအရေ ထိန်းသိမ်းနည်း Routine တစ်ခု ရှိထားသင့်ပါတယ်။ ကိုယ့်အသားအရေ အမျိုးအစားအလိုက် သင့်တော်တဲ့ Skincare Routine တစ်ခု ထားသင့်ပါတယ်။

၇။ Sunscreen ကို အမြဲလိမ်းပါ

လူငယ်တွေအနေနဲ့ Sunscreen လိမ်းရမယ်ဆိုတဲ့ အချက်ကို မေ့ထားလို့ မရပါဘူး။ လိမ်းတဲ့အခါမှာလည်း Sunscreen ကို လုံလုံလောက်လောက် လိမ်းပေးရပါမယ်။

၈။ Aloe Vera Gel

သင်က ဝက်ခြံ ဖြစ်တတ်သူဆိုရင် ဝက်ခြံ သက်သာပြီးနောက် ကျန်ခဲ့တတ်တဲ့ အမာရွတ်တွေ သက်သာဖို့ Aloe Vera Gel ကို သုံးပေးသင့်ပါတယ်။ Aloe Vera က အသားအရေ စိုပြေစေတဲ့အပြင် အမာရွတ်တွေကိုပါ သက်သာစေပါတယ်။

၉။ Face Mask

သင်က ငယ်ရွယ်သေးတဲ့ အသားအရေကို ပိုင်ဆိုင်တာကြောင့် Face Mask ကိုတော့ တစ်ပတ်မှာ တစ်ကြိမ်ကပ်ပေးရင် လုံလောက်ပါတယ်။ ပုံမှန် Mask ကပ်ပေးမယ်ဆိုရင် အသားအရေက Glow လာမှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar