သင်က Glow Skin ကို ပိုင်ဆိုင်ချင်မှာပါ။ ဒါပေမဲ့ မျက်နှာတစ်ခုပဲ ကွက်ပြီး လှနေလို့လည်း မရပြန်ပါဘူး။ သင့်အသားအရေကလည်း ကျန်းမာတဲ့ အသားအရေ ဖြစ်ဖို့ လိုပါတယ်။ လက်ခုံအပါအဝင် တစ်ကိုယ်လုံး အသားကြည်ကြည်လေးနဲ့ ကောင်မလေးတွေကို သင်မြင်ဖူးမှာပါ။ တချို့က အသားပိုကြည်လာဖို့ ဆေးထိုးကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆေးထိုးစရာမလိုဘဲ အသားကြည်လာဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ Dry Brush
Photo Source: Well Humans
ရေမချိုးခင် Brush နဲ့ တစ်ကိုယ်လုံးကို တိုက်ပေးသင့်ပါတယ်။ ဒီလို တိုက်တဲ့အခါ သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဒါ့အပြင် Dry Brush တိုက်ပေးတာက စိတ်ဖိစီးမှုကိုပါ လျော့ကျစေပါတယ်။
၂။ Exfoliate
Photo Source: Pinterest
နောက်တစ်ခုအနေနဲ့ အသားအရေ ကြည်ဖို့ ထပ်လုပ်သင့်တာက ချေးချွတ်တာပါ။ Exfoliate က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အပြင် ခန္ဓာကိုယ်မှာ ဝက်ခြံပေါက်ခြင်းကိုပါ တစ်ခါတည်း ကာကွယ်ပေးပါတယ်။
၃။ Body Serum
Photo source: www.ukrgate.com
မျက်နှာမှာ Serum လိမ်းရသလိုပဲ ခန္ဓာကိုယ်ကလည်း Serum ကို လိုအပ်ပါတယ်။ မျက်နှာဖို့ Hyaluronic Acid လိုအပ်သလိုပဲ ခန္ဓာကိုယ်အတွက် Serum ကိုလည်း Hyaluronic Acid ပါဝင်တာ သုံးပေးသင့်ပါတယ်။
၄။ Body Lotion
Photo Source: Fashion Week Online
နောက်ဆုံးအပိတ်အနေနဲ့ အသားထဲကို အစိုဓာတ် ပိုဝင်သွားဖို့ Body Lotion လိမ်းပေးရပါမယ်။ Body Lotion က အပေါ်က ထိန်းသိမ်းမှုတွေကို ပိုထိရောက်စေပြီး အစိုဓာတ်ပေးကာ အသားအရေ ကို တင်းရင်းစေပါလိမ့်မယ်။
သင်က ဒီအချက် ၄ ချက်ကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ Glow Skin Body အသားကြည်ကြည်လေးကို ပိုင်ဆိုင်မှာ မလွဲမသွေပါပဲ။
By MyStyle Myanmar