မိန်းကလေးတိုင်းက အခုနောက်ပိုင်းမှာ မျက်နှာလေး Glow ဖြစ်နေတာမျိုးကို လိုချင်ကြပါတယ်။ ဒီလို Glow ဖြစ်ချင်လို့ Highlighter တွေသုံးတာဟာ ခဏလေးပဲ Glow ဖြစ်နေမှာပါ။ အသားအရေကိုသာ သေချာဂရုစိုက်ပေးရင် မျက်နှာလေးက သဘာဝအတိုင်း Glow ဖြစ်လာမှာပါ။

ဒါကြောင့်  မိန်းကလေးတိုင်းလိုချင်နေတဲ့ Skin Glow ဖြစ်စေဖို့ ပြုလုပ်ပေးရမယ့်အဓိကအချက်တွေကို ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ။

Source: www.skinnyms.com

အသားအရေလှချင်တယ်၊ မျက်နှာလေး သဘာဝအတိုင်း Glow ဖြစ်ချင်တယ်ဆိုရင်တော့ အရေးအကြီးဆုံးက ရေများများသောက်ပေးဖို့ပါပဲ။ တစ်နေ့ကို ရေ ၄ လီတာတော့ ပုံမှန်သောက်ပေးဖို့ လိုပါတယ်။ ရေများများသောက်ပေးခြင်းက ခန္ဓာကိုယ်အသားအရေနဲ့ မျက်နှာအသားအရေကိုပါ ကြည်လင်ပြီးလှပစေပါတယ်။

Cleansing သေချာလုပ်ပေးပါ။

Source: www.shutterstock.com

ဘယ်လောက်ပဲ Skincare တွေလုပ်လုပ် Cleansing သေချာမလုပ်ထားရင် မျက်နှာက ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ ဒါကြောင့် မျက်နှာကို သေချာလေး Cleansing လုပ်ပေးဖို့လိုပါတယ်။ Double Cleansing လုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။

Moisturize

Source: www.india.com

မျက်နှာအသားအရေကောင်းပြီး Glow ချင်ရင်တော့ Skincare Step တွေကို သေချာလိမ်းပေးမှာဖြစ်မှာပါ။ အရေးအကြီးဆုံးကတော့ Moisturizer ကို အမြဲလိမ်းပေးဖို့ပါပဲ။ ရေဓာတ်ပြည့်တဲ့ မျက်နှာအသားအရေလေးရဖို့ အပြင်သွားတဲ့အခါတိုင်းမှာ Mist လေးတွေကိုလည်း ဆောင်ထားပြီး ဖြန်းပေးဖို့ မမေ့ပါနဲ့။ Water Mist လေးတွေဆို ပိုကောင်းပါတယ်။

Sheet Mask ပုံမှန်ကပ်ပေးပါ။

Source: www.blog.colourfulrebel.com

ကိုရီးယားမလေးတွေရဲ့ အသားအရေလေးသိပ်ကောင်းနေတာ Sheet Mask လေးတွေအမြဲကပ်ပေးလို့ပါ။ Sheet Mask ပုံမှန်ကပ်ပေးခြင်းက မျက်နှာအသားအရေကို သိသိသာသာကိုပြောင်းလဲလာစေပါတယ်။ ၃ ရက်တစ်ခါ (သို့) တစ်ပတ်တစ်ခါလောက် ပုံမှန်ကပ်ပေးဖို့ လိုပါတယ်။

Sunscreen ကိုမမေ့ပါနဲ့။

Source: www.cosmopolitan.com

ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် Sunscreen ကိုလိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။ Sunscreen မလိမ်းပဲ အပြင်မထွက်ပါနဲ့။ Lotion လိမ်းပြီးတိုင်းမှာ Sunscreen ကိုလိမ်းပေးပါ။ နေအရမ်းပူရင် လေးနာရီခြားတစ်ခါလောက် Sunscreen ကို ပြန်လိမ်းပေးပါ။

အစားအသောက်ဂရုစိုက်ပါ။

Source: www.beautisecrets.com

အစားအသောက်တွေကိုစားတဲ့အခါမှာ အသီးအရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။ နေ့တိုင်းစားပေးရင် ပိုကောင်းပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေကိုလည်း များများစားပေးပါ။ ဆီကြော်မုန့်တွေကိုရှောင်ပြီး Green Tea (သို့) မုန်လာဥနီဖျော်ရည်ကို နေ့တိုင်းသောက်ပါ။