သင်က သင်တန်းတက်နေတယ် ဒါမှမဟုတ် တက္ကသိုလ်တက်နေတယ်ဆိုရင် ပိုက်ဆံကို Limit ထားပြီး သုံးရလေ့ရှိမှာပါ။ ကိုယ်တိုင် အလုပ်တစ်ခု မရသရွေ့ Budget နဲ့ သုံးရမှာပါပဲ။ Glow Skin ကို Budget နည်းနဲ့ ရနိုင်ပါ့မလား သင် စိတ်ပူနိုင်ပါတယ်။ သတင်းကောင်းကတော့ Budget လျှော့ချပြီး Glow Skin ကို ပိုင်ဆိုင်နိုင်ပါတယ်။ သင်က ရွေးချယ်မှုတွေကို သေချာလုပ်ပြီး နည်းနည်းအားစိုက်ထုတ်မယ်ဆိုရင် အကုန်အကျ သိပ်မများဘဲ Glow Skin ကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒီတော့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်-

သင့်အသားအရေအတွက် သင့်တော်မယ့် ဖောင်ဒေးရှင်းကို ရှာဝယ်ပါ

ဖောင်ဒေးရှင်းက အပြစ်အနာအဆာတွေကို ထိရောက်စွာ ဖုံးကွယ်ပေးနိုင်ပါတယ်။ သင်က အပြင်ခဏခဏ သွားနေရသူဆိုရင် ဖောင်ဒေးရှင်းကောင်းကောင်းကို ပိုတောင် လိုပါသေးတယ်။ သင့်အသားအရေနဲ့ သင့်တော်မယ့် ဖောင်ဒေးရှင်းတစ်မျိုးကို အားစိုက်ပြီး ရှာဖွေသင့်ပါတယ်။

ရေများများသောက်ပါ

ခြောက်သွေ့ပြီး အစိုဓာတ်နည်းတဲ့ အသားအရေက ကြည့်ရတာ ခြောက်ကပ်ကပ်နဲ့ အသက်မဝင်ပါဘူး။ Glow Skin ဆိုရင်တော့ အသားအရေက ကြည်လင်ပြီး ငယ်ရွယ်တဲ့ ပုံစံကို ပိုင်ဆိုင်စေမှာပါ။ Glow Skin ပိုင်ဆိုင်ဖို့ ရေက ကူညီနိုင်ပါတယ်။ သင်က အကုန်အကျနည်းနည်းနဲ့ Glow ချင်ရင် ရေများများသောက်ဖို့ မမေ့သင့်ပါဘူး။

ညဘက် အဆီများတာ စားတာကို လျှော့ပါ

သင့်အနေနဲ့ လူငယ်ပီပီ ညဘက်မှာမှ အရက်ဘီယာ သောက်တတ်တယ်ဆိုရင် ဒါကို လျှော့ချသင့်ပါတယ်။ ညဘက်မှာ အသီးအနှံတွေကို ပိုစားသင့်ပြီး အချိုကို လျှော့ပေးရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေမှာ သင့်အသားအရေကို စိုပြေစေမယ့် အာဟာရများစွာ ပါဝင်ပါတယ်။

DIY

စိတ်ချရတဲ့ DIY သဘာဝ ပစ္စည်းတွေဖြစ်တဲ့ ထောပတ်သီး၊ ပျားရည်၊ သကြားနဲ့ သံလွင်ဆီတို့ကို အသင့်ဆောင်ထားသင့်ပါတယ်။ သကြားနဲ့ ပျားရည်ကို ပေါင်းစပ်လိုက်မယ်ဆိုရင် Exfoliator ဖြစ်ပြီး ထောပတ်သီးကတော့ Homemade Mask အနေနဲ့ လုပ်ဆောင်ပေးမှာပါ။

သင့်တော်တဲ့အချိန်မှာ အိပ်ယာဝင်ပါ

ညဘက်မှာ အသားအရေက သူ့ဘာသူ ပြန်လည် ပြုပြင်ပြီး Restore ပြန်လုပ်လေ့ရှိပါတယ်။ သင့်အနေနဲ့ အကုန်အကျမများဘဲ အသားအရေ ကောင်းချင်ရင် အိပ်ချိန်ကို ဂရုစိုက်သင့်ပါတယ်။

Cleanser ကောင်းကောင်း ဝယ်ပါ

ထပ် Invest လုပ်သင့်တဲ့ Skincare ပစ္စည်းကတော့ Face Cleanser ပါ။ ညအိပ်ခါနီး မျက်နှာပုံမှန်သစ်ပေးတာက Product တွေ၊ အဆိပ်အတောက်တွေ၊ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် Cleanser ကောင်းကောင်းနဲ့ မျက်နှာသစ်တဲ့ အကျင့်ကို မွေးမြူထားသင့်ပါတယ်။

Cosmetics တွေကို Drugstore ကနေ ဝယ်ပါ

Drugstore Product တွေထဲမှာလည်း အရည်အသွေးကောင်းတဲ့ အလှပြင်ပစ္စည်း များစွာရှိပါတယ်။ သင်က Budget နဲ့ သုံးရသူ တစ်ယောက်ဆိုရင် Drugstore Product တွေက အိုင်ဒီယာကောင်းပါပဲ။

Photo Source: Pinterest

By MyStyle Myanmar