သင်က Skincare လုပ်ဖို့ အချိန်မပေးနိုင်တဲ့သူ၊ လုပ်ဖို့ ပျင်းတဲ့သူဆိုရင် ဒီအကြောင်းအရာကို ဆက်ဖတ်သင့်ပါတယ်။ Skincare လုပ်နိုင်မယ့် နည်းအမျိုးမျိုးရှိပါတယ်။ Sheet Mask တွေ ဝယ်ကပ်မလား၊ Skincare Product မျိုးစုံ ဝယ်သုံးမလား၊ Treatment လုပ်ပေးတဲ့ နေရာတွေကို သွားမလား စသဖြင့် နည်းလမ်းမျိုးစုံ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ အချိန်သိပ်ပေးစရာ မလိုဘဲ သဘာဝ အတိုင်း Glow/ Clear Skin ကို ရစေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ရှားစောင်းလတ်ပတ်ဂျယ်

သင်က မျက်နှာသစ်ပြီးတိုင်း အသားအရေ အစိုဓာတ်ရပြီး ချောမွေ့နေ့စေဖို့ ရှားစောင်းလတ်ပတ်ဂျယ်ကို သုံးနိုင်ပါတယ်။ ရှားစောင်းလတ်ပတ်ကို နေ့တိုင်း သုံးပေးမယ်ဆိုရင် အသားအရေ Glow လာပါလိမ့်မယ်။

၂။ Sunscreen နေ့တိုင်းလိမ်းပါ

နေ့တိုင်း Sunscreen လိမ်းပေးတာက UV Rays တွေကို ကာနိုင်တဲ့အပြင် အသားအရေကို ကြည်လင်ကာ Glow စေနိုင်ပါတယ်။

၃။ Ice Cube ကပ်ပါ

မျက်နှာကို နေ့တိုင်း ရေခဲနဲ့ ပွတ်ပေးမယ်ဆိုရင် ချွေးပေါက် ကျဉ်းလာစေမယ့်အပြင် အသားအရေ အရင်ထက် ပိုတောက်ပလာပါလိမ့်မယ်။

၄။ မိတ်ကပ်လျှော့လိမ်းပါ

သင်က ကြည်လင်ပြီး ပြစ်မျိုးမှဲ့မထင် အသားအရေကို လိုချင်ရင် မိတ်ကပ်လိမ်းတာကို ရက်ခြား လုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ မိတ်ကပ်က တစ်ခါတလေ အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။

၅။ သံပယိုရည် သောက်ပါ

သံပယိုရည်က သင့်အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်ရှင်းပေးတာကြောင့် သင့်အသားအရေကို ကြည်လာစေပါတယ်။ တစ်နေ့ကို တစ်ခွက် ပုံမှန်သောက်သင့်ပါတယ်။

၆။ သဘတ်သုံးတဲ့အခါ

သင်က သဘတ်သုံးတယ်ဆိုရင် ခန္ဓာကိုယ်နဲ့ မျက်နှာသုတ်တာကို တစ်ထည်တည်း မထားသင့်ပါဘူး။ သဘတ်မှာ ဘတ်တီးရီးယားတွေ ပါနိုင်တာကြောင့် အမြဲ သဘတ်ကို သန့်အောင်ထားဖို့ လိုပါတယ်။ သဘတ်အစား တစ်ရှူးကို သုံးနိုင်ပါတယ်။

၇။ Rose Water

Rose Water က သင့်မျက်နှာကို အစိုဓာတ်ပေးနိုင်တဲ့အပြင် မျက်နှာနီမြန်းတာကို သက်သာစေပါတယ်။ မနက်တစ်ခါ ညတစ်ခါ Rose Water နဲ့ မျက်နှာကို ဖြန်းပေးသင့်ပါတယ်။

၈။ Double Cleansing

ညဘက်မှာ Double Cleansing ကို ပုံမှန်လုပ်ပေးရင် အသားအရေ ကြည်လာပါလိမ့်မယ်။ Double Cleansing နဲ့အတူ Exfoliate လုပ်တာကိုလည်း တစ်ပတ်တခါလောက် ပုံမှန်လုပ်သင့်ပါတယ်။

အပေါ်က အချက်တွေကို အမြဲလုပ်ပေးမယ်ဆိုရင် သင့်အသားအရေ Glow လာမှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar