ဓာတ်ပုံရိုက်တိုင်း ခြေထောက်တစ်ဘက်ကို ရှေ့ထုတ်ထားတာ၊ လက်နှစ်ဖက်ကို ရှေ့နှစ်ဘက်မှာ စုကိုင်ထားတာ၊ ဘောင်းဘီအိတ်ကို ကိုင်ထားတာ စတဲ့ ပို့စ်ပေးနည်းတွေပေးရလွန်းလို့ သင့်အတွက် ရိုးနေပြီလား။ တစ်ခါတလေ ပို့စ်ပေးနည်းတွေ ကုန်သွားတဲ့အခါ သင့်ကိုယ်သင် အားမရဘဲ စိတ်အားငယ်လာတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ရဲ့ ပို့စ်ပေးနည်းတွေကို ပိုပြီး ထူးခြားသွားစေမယ့် နည်းလမ်း ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။ ဒီပို့စ်ပေးနည်းတွေကို သိပြီးနောက် သင်ကင်မရာရှေ့ ဘယ်လိုနေရမလဲ နည်းလမ်းတွေကို ပိုသိသွားပါလိမ့်မယ်။

အခုဖော်ပြမယ့် ပုံစံ နမူနာတွေက မျဉ်းကြောင်းပုံစံတွေနဲ့ ပြသထားတာကြောင့် သင့်အတွက် ပိုလွယ်ကူစေမှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

လှေကားကို အကျိုးရှိရှိ ပိုအသုံးချနိုင်ဖို့

ပိုပြီး မိန်းကလေးဆန်နေစေပြီး သင့်ပေါင်တံကို ဖော်ပြနိုင်ဖို့

ဘောင်းဘီကို ကိုင်ထားပြီး ပို့စ်မပေးချင်သူတို့အတွက်

လက်နှစ်ဖက်ကို ဘေးဘက်မှာ ကပ်မထားဘဲ ဒီလိုပို့စ်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်လိုင်းကို ပိုပေါ်ချင်သူတို့အတွက်

Mirror Selfie ကို ဆွဲဆောင်မှု ရှိရှိ ဆွဲချင်သူတွေအတွက်

ဘေးတစ်စောင်း ပုံကိုမှ Shape ပိုပေါ်သွားဖို့

ကိုယ်ကျပ်အင်္ကျီဝတ်ထားတဲ့ ပျိုမေတို့အတွက် ခန္ဓာကိုယ် ကောက်ကြောင်း ပိုပေါ်နေဖို့

OOTD အတွက် ပိုလှတဲ့ပို့စ်

သင့်ပုံစံကို သဘာဝဆန်ဆန် ပိုဖြစ်နေစေဖို့

ဒီပို့စ်ပေးနည်းပုံစံတွေကို သင်က မှန်ရှေ့မှာ ပုံမှန်လေ့ကျင့်မယ်ဆိုရင် မော်ဒယ်တစ်ယောက်ထက်တောင် ပို့စ်ပေးတာ ပိုလှနေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar