ဓာတ်ပုံရိုက်ရတာဟာ မိန်းကလေးတိုင်းရဲ့ ဝါသနာတစ်ခုပါ။ အမှတ်တရတွေကို သိမ်းထားနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့ ဓာတ်ပုံရိုက်ရတာက တချို့သူတွေအတွက်ဆိုရင် Career တစ်ခုအနေနဲ့တောင် လုပ်ကိုင်နေကြပါတယ်။

ဘယ်နေရာကိုရောက်ရောက် နေရာလှလှလေးတစ်ခုတွေ့လိုက်တာနဲ့ ဓာတ်ပုံရိုက်လိုက်ရမှ ကျေနပ်တတ်တဲ့ ပျိုမေလေးတို့အနေနဲ့ အပြင်မသွားဖြစ်တဲ့အခါလည်း ကိုယ့်အိမ်အနီးအနားမှာ ပန်းခြုံရှိတာနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်ယူလို့ရပါတယ်။

နောက်ခံလှပေမယ့်လည်း ဘယ်လိုမျိုးပို့စ်ပေးရင်ကောင်းမလဲဆိုပြီး ခေါင်းမစားစေဖို့အတွက် စောစောစီးစီးကတည်းက ကြိုတင်လေ့လာထားလို့ရအောင်လို့ ပန်းခြုံလေးတွေတွေ့တဲ့အခါ အလှဆုံးဓာတ်ပုံလေးတွေရိုက်နိုင်အောင် ပို့စ်ပေးနည်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။