အိမ်မှာနေရင်းနဲ့ ကိုယ့်အသားအရေလေးပိုလှလာအောင် လုပ်လို့ရနေတာဆိုတော့ အားနေတဲ့အချိန်မှာ အကျိုးရှိရှိ အသုံးချရမှာပေါ့။

မျက်နှာပေါင်းတင်ပါ

မျက်နှာကို သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်လိုက်၊ Face Mask ကပ်လိုက်နဲ့သာ Skincare နေပါ။ အသားအရေလေး ပိုပြီးလှလာပါလိမ့်မယ်။

Body Scrub လုပ်ပါ

မျက်နှာကိုပဲလှအောင်လုပ်နေလို့မဖြစ်ဘူး၊ Body လည်း လှအောင် အသားအရေကောင်းလာအောင် လုပ်ရပါမယ်။ ဒါကြောင့် Body Scrub လုပ်ပါ။ Lotion သေချာလိမ်းပါ။ အသားအရေကို ပိုဂရုစိုက်လိုက်ပါ။

ခြေထောက် Cleansing လုပ်ပါ

ခြေထောက်တွေကို အိမ်မှာပဲ ရေနွေးစိမ်တာမျိုးလုပ်လို့လည်း ရပါတယ်။ အကြောအကျဉ်ပြေတာပေါ့။ ပြီးရင် ခြေထောက်ကို ကိုယ်တိုင် Cleansing လုပ်ပါ။ ခြေချောင်းလေးတွေ ပိုဖြူလာတာပေါ့။ အိမ်မှာနေတဲ့အချိန်ကတော့ အပြင်လည်းမသွားတဲ့အတွက် ခြေသည်းနီ၊ လက်သည်းနီမဆိုးပဲနေတာ ပိုကောင်းပါတယ်။ အမြဲဆိုးနေတဲ့သူတွေဆိုရင် တစ်ခါတစ်လေမဆိုးပဲထားပေးရပါတယ်။