လေ့ကျင့်ခန်းတစ်ခု အားကစားတစ်ခုက ပုံမှန်လုပ်သွားမှ အကျိုးထိရောက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်တာကြောင့် အားကစားမလုပ်ဖြစ်တော့ဘူးဆိုရင် ပြန်လုပ်ဖို့ တော်တော်အားယူရပါတယ်။ သင်က အားကစားမလုပ်ဘဲ နားထားတာ ကြာပြီဖြစ်တာကြောင့် လေ့ကျင့်ခန်းလုပ်ချင်စိတ်မရှိဘူးဆိုရင် ဒီနည်းလမ်းတွေနဲ့ Moti ပြန်ယူလိုက်ပါနော်။

၁။ ပန်းတိုင်တစ်ခုထားပါ

ဘယ်နှစ်လ နေရင် ဘယ်နှစ်ရက်ကြာရင် ငါ့ပေါင် ဘယ်လောက်ကျရမယ်… ငါ့ ခါး ဘယ်အတိုင်းအတာဖြစ်ရမယ် စသဖြင့် ပန်းတိုင် တစ်ခုသတ်မှတ်ပါ။ ဒီလိုသတ်မှတ်လိုက်တာက အားကစားလုပ်ချင်စိတ်ကို ပိုများလာစေပါတယ်။

၂။ ဖြေးဖြေးချင်းစပါ

အရင်ကလို အများကြီး လုပ်ပစ်တာမျိုးမဟုတ်ဘဲ ဖြေးဖြေးချင်းစပါ။ စကတည်းက ကိုယ့်ကိုကိုယ် အပြင်းအထန် မောင်းလိုက်မယ်ဆိုရင် နောက်နေ့ မလုပ်နိုင်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့် ကိုယ်ခန္ဓာကိုယ် Limit ကို သိပြီး ဖြေးဖြေးချင်း ပြန်စပါ။

၃။ အားကစားလုပ်ဖော်လုပ်ဖက်ရှာပါ

အားကစားအတူတူလုပ်မယ့် သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တစ်ယောက်ကို ရှာဖွေပါ။ အားကစား အတူတူလုပ်ရတာက သင့်ကို ပိုပျော်ရွှင်စေပြီး သူ့ ရဲ့ တိုးတက်မှုနဲ့ ကိုယ့်တိုးတက်မှု နှိုင်းယှဉ်နိုင်ပါတယ်။

၄။ ကိုယ့်ကျန်းမာရေးကို ဂရုစို်က်ပါ


ညအိပ်ရေးပျက်ထားတယ်ဆိုရင် အားကစားလုပ်တာက ဘယ်လိုမှ တက်ကြွမှာမဟုတ်ပါဘူး။ ဒါကြောင့် အားကစားလုပ်ပြီး ကျန်းမာရေး ဂရုစိုက်သလိုပဲ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ပေးပါ။ အိပ်ရေးဝအောင် အိပ်ပေးပါ။

၅။ အားကစားမလုပ်ဖြစ်တဲ့ရက်တွေမှာလည်း လှုပ်လှုပ်ရှားရှားနေပါ


အားကစားပြန်လုပ်ပြီးနောက် အနားယူရတဲ့ ရက်တွေမှာလည်း လှုပ်လှုပ်ရှားရှားနေပေးပါ။ လမ်းလျှောက်ပေးပါ။

ဒီနည်းလမ်းတွေနဲ့ အားကစားလုပ်ဖို့ Moti ပြန်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar