ချွေးတဒီးဒီးကျပြီး ပူအိုက်လွန်းတဲ့ နွေရာသီဟာ လွတ်လပ်ပေါ့ပါးမှုရှိတဲ့ ဂွင်းထိုးဖိနပ်၊ ခြေညှပ်ဖိနပ်တွေကိုပဲ ရွေးစီးပြီး ကိုယ့်ခြေထောက်လေးအတွက် သက်တောင့်သက်သာဖြစ်မှုကို ရှာဖွေရမှာ သင့်တာဝန်ပါ။ လူတွေက အသားအရေထိန်းသိမ်းမှုနဲ့ပတ်သက်လာရင် မျက်နှာ၊ ခန္ဓာကိုယ်နဲ့ လက်တို့ကိုပဲ အဓိက ဂရုစိုက်လေ့ရှိကြပြီး ခြေထောက်ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။

တစ်နေကုန် နေပူထဲ ဒီခြေထောက်လေးတွေနဲ့ပဲ သွားလာလှုပ်ရှားနေရလို့ အချိန်ကြာလာရင် ခြေထောက်မှာ အသားမာ၊ ခြောက်တာ၊ ကွဲအက်တာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ပြီးတော့ ဒီလိုအခြေအနေတွေက ခြေထောက်ကို ကြည့်ရဆိုးစေတဲ့အပြင် နာကျင်မှုလည်းဖြစ်စေနိုင်လို့ ခြေထောက်လေး အရင်လို ပြန်လည်နူးညံ့လာစေဖို့ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ ၃ ဇွန်းကို ရေတစ်ဇွန်းနဲ့ ပန်းကန်လုံးတစ်ခုထဲမှာရောစပ်ပြီး ခြေထောက်မှာသုတ်ပေးပါ။ ခြေဖနောင့်နဲ့ ခြေချောင်းတွေကို အဓိကထား နှိပ်နယ်ပေးပါ။ ပြီးရင် ခြေနွေးနွေးလေးနဲ့ ခြေထောက်ကိုပြန်လည်ဆေးကြောသန့်စင်ပြီး moisturizer လိမ်းပေးပါ။

မုန့်ဖုတ်ဆိုဒါကို နောက်ထပ်အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ခြေထောက်စိမ်ခြင်းပါပဲ။ ဇလုံတစ်ခုထဲ ရေနွေးနွေးလောင်းထည့်ပြီး မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်မွှေပေးပါ။ ပြီးရင် ၁၀ မိနစ် ခြေထောက်စိမ်ပြီး အချိန်ပြည့်ပါက ရေနဲ့ပြန်ဆေးပြီး moisturizer လိမ်းပေးပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် ၁ ဇွန်း၊ Listerine ၁ ဇွန်း၊ ရေနွေးနွေး ၂ ဇွန်းတို့ကို ပေါင်းစပ်ပြီး ထိုအထဲမှာ ၁၀ မိနစ် ခြေထောက်စိမ်ပါ။ မိနစ် ၂၀ ထက် မပိုစေဘဲ ခြေထောက်ကိုခြောက်အောင်သုတ်ပြီး ခြေထောက်တိုက်တာနဲ့ ပွတ်တိုက်ပြီး ဂျေးချွတ်ပေးပါ။

သံလွင်ဆီ

သံလွင်ဆီကို အိပ်ယာမဝင်ခင် ခြေထောက်မှာတိုက်ရိုက်လိမ်းပြီး ချည်သားခြေအိတ်စွပ်ပေးပါ။ အချိန်ရှိတယ်ဆိုရင် ခြေအိတ်မစွပ်ခင် သံလွင်ဆီလိမ်းပြီး စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ အသားမာနေတဲ့ နေရာတစ်ဝိုက်ကို အထူးဂရုစိုက်ပြီးလိမ်းပေးပါ။

ပျားရည်

ပျားရည် တစ်ခွက်ကို ရေနွေးနွေး ၄ လီတာနဲ့ပေါင်းစပ်ပြီး ၁၅ မိနစ် ခြေထောက်စိမ်ပေးပါ။ ပြီးရင် ပျားရည် Scrub နဲ့ ဂျေးတွန်းပေးပါ။ ပျားရည် Scrub ပြုလုပ်နည်းကတော့-

သကြားအညို – 1/4 ခွက်

ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်း

အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း

Peppermint Oil – ၃ စက်

ဒီပါဝင်ပစ္စည်းတွေကို ပန်းကန်လုံးတစ်ခုထဲမှာပေါင်းစပ်ပြီး ထိုအနှစ်နဲ့ ခြေထောက်တစ်ဝိုက် နှံ့အောင်လိမ်းကာ နှိပ်နယ်ပါ။ ပြီးရင် ခြေထောက်ရေဆေးပြီး တဘက်နဲ့ခြောက်အောင်သုတ်ပါ။ ပြီးရင် moisturizer ပြန်သုံးပေးဖို့ မမေ့ပါနဲ့နော်။

Source: BrightSide