ဘယ်မိဘမဆို ကိုယ့်သားသမီးကိုကိုယ့်အရိပ်အမြုံအောက်မှာ ထားချင်သူတွေချည်းပါပဲ။ ကိုယ်ချစ်တဲ့ သားသမီးကို တခြားလူလက်ထဲထည့်ဖို့ စိုးရိမ်တတ်ကြပါတယ်။ သူတို့ သားသမီးနဲ့ တစ်သက်လုံးအတူနေမယ့် လူတစ်ယောက်က တကယ်ရော အဆင်ပြေရဲ့လား ခေါင်းစ ခြေဆုံး လေ့လာတတ်ပါတယ်။ သင်ကိုယ်တိုင် မိဘတစ်ယောက်ဖြစ်လာတဲ့အချိန် ယောက္ခမလောင်းတွေရဲ့ ခံစားချက််ကို နားလည်လာပါလိမ့်မယ်။ သင်က သင့်ချစ်သူနဲ့ အိမ်ထောင်တစ်ခု တည်ထောင်တော့မယ်ဆိုရင် နှစ်ယောက်တည်းတည်ဆောက်လို့မရပါဘူး။ ဟိုဘက် ဒီဘက် အမျိုးတွေ မိသားစုတွေ ပါလာပါတော့မယ်။ အမျိုးတွေထဲမှာ ပထမဆုံး ရင်ဆိုင်ရမှာက ယောက္ခမပါ။ ဒီတော့ သင့်ယောက္ခမက သင့်ကို ချစ်လာစေဖို့ လိုက်နာရမယ့် အချက်တွေကို ဖော်ပြပါရစေ.

၁။ ယောက္ခမကို ကြည့်မရရင်တောင် အတတ်နိုင်ဆုံး ချစ်ပေးပါ

ဘယ်လောက်ထိ ကိုယ်နဲ့ စကားပြောအဆင်မပြေပါစေ သူ့ကို ချစ်ကြောင်း ပြသပေးပါ။

၂။ ယဉ်ကျေးပါ

သူက ကိုယ့်ကို မကောင်းပြောလာခဲ့ရင်တောင် ယဉ်ယဉ်ကျေးကျေးပဲ ပြောပေးပါ။ သူပြောတိုင်းကိုယ်က ပါ တစ်ခွန်းမခံ လိုက်ပြောနေရင် အဆင်ပြေမှာမဟုတ်ပါဘူး။


၃။ လက်ဆောင်ပေးပါ

သူမအိမ်ကို သွားလည်တဲ့အချိန် လက်ဆောင်ယူသွားတာ ဒါမှမဟုတ် သူမမွေးနေ့မှာ လက်ဆောင်ပို့ပေးတာတွေလုပ်ပေးပါ။

၄။ သူ စိတ်မကြည်တဲ့အချိန် သင်က ရယ်စရာပြောပေးပါ

သင့် ယောက္ခမစိတ်ညစ်နေတဲ့အချိန်မျိုးမှာ သင်က သူရယ်အောင်လုပ်ပေးပါ။


၅။ သူမကို ချီးကျူးပါ

သူမရဲ့ စိုက်ခင်းလေး၊ ဒါမှမဟုတ် သူမရဲ့ ဟင်းချက်လက်ရာ စတဲ့ သူမရဲ့ ကောင်းကြောင်းတွေကို အသိအမှတ်ပြုကြောင်း ချီးကျူးပေးပါ။

၆။ သူ့ရဲ့ သားသို့မဟုတ် သမီးနဲ့ ဆုံတွေ့ရတာ ကံကောင်းကြောင်းပြောပါ

သင်က သူ့ရဲ့ သား သို့မဟုတ် သမီးနဲ့ ဆုံတွေ့ခဲ့ရတာက သင့်ဘဝရဲ့ ကံကောင်းခြင်းဖြစ်ကြောင်း သူသိအောင်ပြောပါ။ ဒီလိုစကားကြားလိုက်ရတာက သူတို့သားသမီးအတွက် ဂုဏ်ယူစိတ်ဖြစ်စေပါတယ်။


၇။ သူမကို ဖုန်းဆက်ပါ

သူမ နေကောင်းလား အဆင်ပြေလား ဖုန်းဆက်မေးပါ။ သူမကို သင်က ဂရုစိုက်ကြောင်းပြပါ။ ခဏခဏတော့ ဖုန်းမဆက်ပါနဲ့။

ကိုယ်က သူ့ရဲ့ သားသမီးကို ပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် သင့်ဘက်က စိတ်ရှည်ဖို့တော့ လိုပါမယ်။

Photo Source: Pinterest

By MyStyle Myanmar