Aesthetic ဓာတ်ပုံဆိုတာကတော့ စိတ်ကူးကောင်းကောင်းလေးနဲ့ အရမ်းလှတဲ့ ဓာတ်ပုံတွေကို ဆိုလိုပါတယ်။ ဘယ်လိုပုံဖြစ်မှ Aesthetic ဖြစ်မယ်ဆိုတာ မရှိပါဘူး။ ကိုယ့်အကြိုက် ကိုယ့် Idea အလိုက် လှအောင် ရိုက်နိုင်ပါတယ်။ ဒီလို Idea ကောင်းကောင်းရဖို့တော့ အောက်ဖော်ပြပါ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

၁။ အလင်းရောင်လုံလောက်မှုရှိပါစေ

ဓာတ်ပုံလှလှလေးတွေက အလင်းရောင်ရတဲ့ နေရာတွေမှာ ရိုက်ထားတဲ့ ပုံတွေချည်းဖြစ်ပါတယ်။ အကောင်းဆုံးအလင်းရောင်ကတော့ သဘာဝနေရောင်ခြည်ပါပဲ။ နေရောင်မရတဲ့အချိန်မှာတော့ အလင်းရောင်မီးအကူအညီတွေကို ယူသင့်ပါတယ်။ သင် ရုပ်ရှင်ရိုက်ကွင်းတွေမှာ မှန်နဲ့ ထိုးတာ၊ မီးနဲ့ထိုးထားတာတွေကို မြင်ဖူးမှာပါ။ ဒီလိုသဘောတရားအတိုင်း Aesthetic ဆန်ဆန် ပုံလေးတွေ ရဖို့ အလင်းရောင် လုံလုံလောက်လောက်ရှိဖို့ လိုအပ်ပါတယ်။

၂။ Theme စဉ်းစားပါ

ကိုယ်က ဘယ်လိုပုံစံရိုက်ချင်လဲ အကြောင်းအရာ ရှိသင့်ပါတယ်။ ဥပမာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးပုံစံရိုက်ချင်တာဆိုရင် သင့်မိတ်ကပ် Look ကို Cute Makeup ပြင်ထားပေးပြီး ချစ်စရာကလစ်လေးတွေ၊ အရုပ်ကလေးတွေကိုပါ ထည့်နိုင်ပါတယ်။ အရောင်နဲ့ လှည့်စားချင်ရင် ကိုယ်နေတဲ့နေရာနဲ့ ကိုယ့်အဝတ်အစားကို တိုက်ဝတ်တာမျိုး လုပ်ကြည့်နိုင်ပါတယ်။

၃။ Edit လုပ်ပေးပါ

ဓာတ်ပုံတစ်ပုံက Edit မလုပ်ရင် ပြီးပြည့်စုံတဲ့ပုံ မထွက်နိုင်ပါဘူး။ သင် Social Media မှာ မြင်တဲ့ ပုံတိုင်းက Edit ထားတာချည်းပါပဲ။ သင့်ပုံကိုလည်း Aesthetic ဖြစ်အောင် Sticker ထည့်တာ၊ Effect ထည့်တာ စသဖြင့် ပြုလုပ်နိုင်ပါတယ်။

၄။ Angle

ကိုယ့်ပုံစံနဲ့ ဘယ် Angle က ရိုက်ရင် လှမလဲ သိထားသင့်ပါတယ်။ ဒီလိုသိဖို့က ဓာတ်ပုံစမ်းရိုက်ကြည့်မှ သိမှာပါ။ ဘယ်လို Angle က ရိုက်လိုက်ရင် ပိုလှသွားမလဲ စဉ်းစားပြီး စမ်းသပ်ကြည့်သင့်ပါတယ်။

၅။ သူများ ပို့စ်ကို ကွက်တိ မကူးချပါနဲ့

သူများလှတဲ့ Angle နဲ့ ပုံစံက သူနဲ့ လှပေမယ့် သင်နဲ့ လိုက်ချင်မှ လိုက်မှာပါ။ ဒီတော့ တခြားသူတွေရဲ့ ဓာတ်ပုံတွေကို တိုက်ရိုက်ကူးချတာမျိုး မဟုတ်ဘဲ သူတို့ ဘယ်လိုဓာတ်ပုံရိုက်လဲဆိုတဲ့ အိုင်ဒီယာကိုပဲ အတုယူသင့်ပါတယ်။

၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ

ပုံလှလှလေးတွေ ရဖို့က ကိုယ့် ကိုယ်နေဟန်ထား၊ ကိုယ့်မျက်လုံးအကြည့်ပေါ် အများကြီး မူတည်နေပါတယ်။ ဒါကြောင့် Aesthetic ပုံလှလှလေးတွေ ရဖို့ ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar