သင်က ဗိုက်မှာ ကြွက်သား အမြှောင်းလေးတွေ ပေါ်ချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ နဂိုထဲက ဗိုက်အဆီ ရှိနေတယ်ဆိုရင်တော့ Cardio, Weight မတာ စတဲ့ လေ့ကျင့်ခန်းတွေကိုပါ တွဲလုပ်ပေးသင့်ပါတယ်။ Cardio ထဲမှာတော့ နှလုံးခုန်နှုန်းကို မြင့်တက်စေတဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။

ရေကူးတာ၊ စက်ဘီးစီးတာ၊ ကြိုးခုန်တာ၊ ပြေးတာ စတဲ့ လေ့ကျင့်ခန်းတွေက Cardio လေ့ကျင့်ခန်းတွေပါ။ အောက်ဖော်ပြပါ လေ့ကျင့်ခန်းတွေကိုပါ တွဲဖက် ကစားသွားမယ်ဆိုရင်တော့ အချိန်တစ်ခု ရောက်တဲ့အခါ လှပတဲ့ ကြွက်သားတွေကို ပိုင်ဆိုင်လာစေမှာပါ။ ဒီတော့ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Plank

Photo Source: Bicycling

  • ၁ မိနစ် Plank ထောက်ပေးရပါမယ်။
  • ပုံစံ မှန်မှန် Plank ထောက်ပေးဖို့ လိုအပ်ပါတယ်။
  • ဒါကို သုံးခါ Repeat လုပ်ပေးရပါမယ်။
  • ၁ မိနစ် ပြီးတိုင်း စက္ကန့် ၃၀ နားနိုင်ပါတယ်။

၂။ Hip Rotate

Photo Source: Tenor

  • Plank ထောက်တဲ့ အနေအထားနဲ့ပဲ ခါးကို ဘယ်ညာ တစ်လှည့်စီ လှည့်ပေးရပါမယ်။
  • တစ်ဖက်စီကို အခါ ၂၀ လုပ်ပေးရပါမယ်။
  • ဒီလေ့ကျင့်ခန်းကို ၄ ခါ ထပ်လုပ်ပေးရပါမယ်။

၃။ Leg Lift

Photo Source:

  • အိပ်လျက်အနေအထားနဲ့ ခြေထောက်ဆန့်ထားရပါမယ်။
  • ပြီးနောက် ဆန့်ထားတဲ့ ခြေထောက်ကို အပေါ် မပေးရပါမယ်။
  • အခါ ၃၀ လုပ်ပေးရပါမယ်။
  • Leg Lift ကို ၃ ကြိမ် ထပ် လုပ်ပေးရပါမယ်။

၄။ Crunches

Photo Source: Rebloggy

  • ဒူးကွေးလျက်အနေအထားနဲ့ ဗိုက်ကို အားပြုကာ ပုံထဲကအတိုင်း နေပေးရပါမယ်။
  • လက်ကို ဆန့်လျက် ဘေးဘက်မှာ ထားပေးရပါမယ်။
  • ပြီးနောက် ဒူးနဲ့ ခန္ဓာကိုယ်ကို အကွာအဝေးတစ်ခုထိ နောက်ပြန်ဆုတ်ပေးရပါမယ်။
  • ပြီးနောက် ဒူးနဲ့ ရင်ဘတ်ကို ပြန်ကပ်ပေးရပါမယ်။
  • ဒါကို အခါ ၃၀ လေးကြိမ် လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်းတွေကြားထဲ စက္ကန့် ၃၀ နားပေးရပါမယ်။

By MyStyle Myanmar