မင်္ဂလာပါ ပျိုမေတို့ရေ။ ရိုးရိုးကင်မရာနဲ့ရိုက်လည်း ပြန်ပြင်စရာမလိုဘဲ သဘာအတိုင်း အစွမ်းကုန် Glow နေဖို့ Pose ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။ အရင်ဆုံး ဒီလိုပုံလေးတွေရဖို့ နေရောင်ခြည်အောက် အလင်းရောင်ကောင်းတဲ့ နေရာလေးရွေးပြီး ရိုက်ဖို့လိုပါမယ်။

သဘာဝနေရောင် ထိုးနေတဲ့အချိန် ဓာတ်ပုံထွက်ရိုက်တာက အသားအရေ Glow ပြီး နောက်ခံကာလာစိုတဲ့ ဓာတ်ပုံလေးရစေမှာပါ။ ဒါကြောင့်မို့ နေပူထဲထွက်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ရိုက်ရကျိုးနပ်စေမယ့် Pose လှလှပေးနည်းလေးတွေ သိထားတာက မမှားပါဘူး။ ဒီတော့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

နေရောင်နဲ့ အရိပ်ရောနေတဲ့ နေရာလေးရွေးပြီး မျက်နှာတစ်ခြမ်းကို မော့ထားလိုက်ပါ။ မျက်လွှာလေးချပြီး ရိုက်လိုက်မယ်ဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ ပုံလေးရစေမှာပါ။

နေရောင်အောက်မှာ အဝါရောင် Outfit လေးရွေးပြီး ရိုက်တာက အသားအရောင်လေး ပိုလင်းအောင် ပံ့ပိုးပေးပါလိမ့်မယ်။ အဝါရောင်ဝတ်စုံလေးဝတ်ပြီး အောက်မှာပြထားသလို ကိုယ်လုံးပေါ်ပုံလေးရိုက်ကြည့်ပါ။

နေထိုးတဲ့ ဘက်ကိုမျက်နှာလှည့်ပြီး မေးလေးထောက်ထားပါနော်။ မျက်နှာနဲ့ ခန္ဓာကိုယ်အသားပိုလင်းသွားအောင် Highlighter အဖြူ (သို့မဟုတ်) ငွေရောင်လေးဆိုးထားလိုက်ပါ။

နေရောင်ဖြာဖြာလေး ထွက်နေတဲ့ ပြတင်းပေါက်ဘေးလိုနေရာမျိုးမှာ မျက်နှာဘေးစောင်းလေးနဲ့ Selfie ရိုက်ပါမယ်နော်။ ထွေထွေထူးထူးလုပ်စရာမလိုဘဲ သဘာဝအတိုင်း Glow နေမှာပါ။

နေပူတဲ့အချိန် အဖြူရောင် နံရံတစ်ခုကို နောက်ခံထားပြီး Pose ပေးတာကလည်း Outfit လေးပေါ်ပြီး အမိုက်စား ဓာတ်ပုံလေးရစေမှာပါ။

နေဝင်ဆည်းဆာအချိန်လေးရွေးပြီး ရိုက်ကြည့်ပါနော်။ ဒီလိုအချိန်မှာ နေရောင်က အရမ်းမလင်းပဲ အဝါရောင်မီးလေး ထိုးထားသလို မြင်ရတာမို့ မျက်နှာလေးပိုဝင်းပြီး လှနေမှာပါ။ Sunset အချိန်မှာရိုက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်က Idea တွေကို အတုယူနိုင်ပါတယ်။

 

Photo Source: Pinterest

By MyStyle Myanmar