Gym က ကောင်လေးချောချောလေးတွေနဲ့ ဆုံနိုင်မယ့် နေရာကောင်းတစ်ခုပါ။ သင်က အားကစားလုပ်ချိန်ဆိုရင် ခန္ဓာကိုယ်ထဲက Adrenaline တိုးနေတာကြောင့် သူတို့နဲ့ စကားသွားပြောဖို့ သင်က သတ္တိပိုကောင်းနေနိုင်ပါတယ်။ သင်က Gym က သင် စိတ်ဝင်စားနေတဲ့ ကောင်လေးချောချောလေးနား ကပ်ဖို့ ကြောက်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို သုံးနိုင်ပါတယ်။

၁။ နားကျပ်ဖြုတ်ထားပါ

သင်က ချဉ်းကပ်ရလွယ်သူ ဖြစ်ကြောင်း အတတ်နိုင်ဆုံး ပြသသင့်ပါတယ်။ ဒါကြောင့် စကားပြောဖို့ အဆင်သင့်ရှိကြောင်း ပြတဲ့အနေနဲ့ နားကျပ်ကို အရင်ဖြုတ်ထားသင့်ပါတယ်။

၂။ သင့် ကိုယ်နေဟန်ထားမှန်ရဲ့လား မေးပါ

သင် အားကစားလုပ်တဲ့ ပုံစံ မှန်ရဲ့လား သူ့ကို မေးနိုင်ပါတယ်။ ယောကျာ်းလေးတွေက ဒီလိုလေးတွေ ကူညီပေးချင်ကြပါတယ်။

၃။ Gym က ဝန်ထမ်းတွေနဲ့ မိတ်ဆွေဖွဲ့ပါ

သင်က Gym က ဝန်ထမ်း၊ ဆရာတွေနဲ့ သိရင် သူတို့ဆီကတဆင့် သင်စိတ်ဝင်စားနေတဲ့ ကောင်လေးနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။

၄။ သူ Class တက်လား စုံစမ်းပါ

Gym မှာ ပုံမှန်ဖွင့်တဲ့အတန်းတွေ ရှိပါတယ်။ သူက ဒီအတန်းတွေတက်လား လိုက်စုံစမ်းပြီး သင်ကပါ လိုက်တက်ရင် သူနဲ့ စကားပြောဖို့ လွယ်သွားပါပြီ။

၅။ စက်ကူ မဖို့ အကူအညီတောင်းပါ

သင်က အလေးမတာတို့၊ အောက်ပိုင်းထိုင် စက် မ တာတို့မှာ Gym ဆရာ မဟုတ်ဘဲ သူ့ကို အကူအညီတောင်းနိုင်ပါတယ်။ ဒီလိုဆို မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေး ရပါပြီ။

၆။ မျက်လုံးချင်းဆုံအောင် ကြိုးစားပါ

သူနဲ့ ကြူဖို့ ပထမဆုံး လုပ်ရမယ့် အရာကတော့ မျက်စိနဲ့ စကားပြောတာပါ။ သူနဲ့ အကြည့်ချင်းဆုံရင် ပြုံးဖို့ပါ မမေ့သင့်ပါဘူး။

၇။ သူ့ကို ချီးကျူးပါ

သင်က သူ့ ကြွက်သားတွေ ဘယ်လောက် လှကြောင်း ချီးကျူးစရာ မလိုပါဘူး။ သူ အလေး လေးတာတွေ ဘယ်လောက်ထိ မ နိုင်ကြောင်း၊ လေးစားကြောင်း ချီးကျူးနိုင်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar