ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာ စိတ်ဖိစီးမှု ဘယ်လောက်ကင်းလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။ တစ်ချိန်လုံး ပူပန်သောကများနေမယ်ဆိုရင် ညဖက်အိပ်မပျော်နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် အိပ်မယ်ဆိုပြီး ကုတင်ပေါ်လှဲတဲ့အခါ အတွေးတွေ အကုန်လုံးကို ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။

ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ မျှော်မှန်းချက်တွေနဲ့ ဘဝရည်မှန်းချက်တွေ အားလုံးမေ့ထားလိုက်ပါ။ အိပ်ခါနီး ယာမကာမှီဝဲတာ၊ အိပ်ဆေး သောက်တာမျိုးတွေဟာ ရေတိုအတွက်ပဲ အဆင်ပြေပြီး ရေရှည်အတွက်ဆိုရင်တော့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

Photo : Shutterstock

အရက်အများကြီးသောက်တာက ဦးနှောက်ကို ခဏတာထုံထိုင်းသွားစေပြီး အိပ်ပျော်သွားစေနိုင်ပေမဲ့ မကြာခဏ ပြန်နိုးတာမျိုးဖြစ်တတ်ပါတယ်။ မနက်နိုးလာတဲ့ အခါမှာလည်း ကြည်ကြည်လင်လင် ရှိမှာ မဟုတ်ပါဘူး။ အိပ်ဆေးတွေက သောက်မှ အိပ်ပျော်မယ့် အကျင့်တစ်ခုလို ဖြစ်လာနိုင်ပြီး ရေရှည်ဆို ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ညဘက်ကောင်းကောင်းအိပ်ပျော်အောင် အိပ်ရာမဝင်ခင် နွားနို့ပူပူလေး တစ်ခွက် ဒါမှမဟုတ် ကီဝီသီးဖျော်ရည် တစ်ခွက် သောက်ပေးကြည့်ပါ။

ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် စတဲ့ နီကိုတင်းတို့လိုမျိုး စိတ်ကို နိုးကြွစေတဲ့အရာတွေကို တတ်နိုင်သမျှမသောက်ပါနဲ့။ သူတို့ဆီမှာပါတဲ့ ကဖင်းဓာတ်က အာရုံကြောတွေကို အလွန်ကြွတက်စေတာကြောင့် အိပ်ပျော်ဖို့ ပိုမိုခက်ခဲစေပါတယ်။

ပြီးတော့ အိပ်ခါနီးမှ အစားအစာတွေ အများကြီးစာလိုက်တာမျိုး မလုပ်မိပါစေနဲ့။ အစာအိမ်ဟာ ညအချိန်မှာ အနားယူပါတယ်။ သူတို့အလုပ်လုပ်နေရင် ခန္ဓာကိုယ်က တစ်နည်းတစ်ဖုံ နိုးကြားနေမှာမို့ အိပ်မပျော်နိုင်ဖြစ်နေတတ်ပါတယ်။ သည်အချိန်စားတဲ့ အစာတွေက အားအင်သုံးဖို့ မရှိတာကြောင့် အဆီပိုဖြစ်သွားတတ်ပြီး ကိုယ်အလေးချိန်ပါတတ်လာနိုင်ပါတယ်။ ဗိုက်အရမ်းဆာနေရင်တော့ အစာပြေအနေနဲ့ အသီး ဒါမှမဟုတ် အစေ့အဆန်လေးတွေ စားပေးပါ။

Photo : Shutterstock

ဖုန်း ၊ကွန်ပြူတာ သုံးတာ စာအုပ်ဖတ်တာနဲ့ တီဗီကြည့်တာကလည်း ညဘက်အချိန်မတော်အထိ နေဖြစ်စေတဲ့ အပြင် အိပ်ချိန်ပုံစံပျက်စေတဲ့ အကြောင်းရင်းကြီးတစ်ခု ဖြစ်ပါတယ်။ တီဗီဇာတ်လမ်းတွဲတွေကတော့ အိပ်ရေးပျက်ရခြင်းရဲ့ အဓိကတရားခံဖြစ်ပါတယ်။ တစ်ချို့လူတွေက တီဗီစီးရီး မပြီးမချင်း မအိပ်တတ်ကြဘူး။ ဒါကြောင့် ညဘက် စီးရီး ရုပ်ရှင်တွေ ကြည့်ခြင်းမှ ရှောင်းရှားသင့်ပါတယ်။