မမေ့နိုင်ခဲ့တဲ့ရည်းစားဟောင်းကို နောက်နှစ်သစ်ကူးပြောင်းသွားတဲ့အထိ စိတ်ထဲထည့်ပြီး ပူဆွေးနေအုံးမှာလား၊ ကိုယ်ပျော်ရွှင်ဖို့ကို စတင်လုပ်ဆောင်တော့မလားဆိုတာ သေချာစဉ်းစားဖို့လိုပါတယ်။ လူတိုင်းက ပျော်ရွှင်ချင်ကြတာမို့ ကိုယ်လည်း ပျော်ရွှင်ချင်တဲ့လူတစ်ယောက်ဆိုရင် ကိုယ့်အတွက် နာကျင်စေမယ့်အရာတွေကို လွှတ်ချသင့်ပါပြီ။ အဲ့ထဲမှာမှ အချစ်ရေးမှာ ပူဆွေးနေရတဲ့သူတွေအတွက် မမေ့နိုင်ခဲ့တဲ့ရည်းစားဟောင်းကို၊ မမေ့နိုင်ခဲ့တဲ့လူတစ်ယောက်ကို နှစ်သစ်ကစပြီး အပြီးတိုင်မေ့ပစ်နိုင်မယ့် နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကို ပျော်အောင်ထားမယ်ဆိုတဲ့ စိတ်ကိုသွင်းထားပြီး ကိုယ်ပျော်ရွှင်ဖို့ နာကျင်စေခဲ့တဲ့အရာတိုင်းကို ကြိုးစားမေ့ပစ်ပါ။ ရည်းစားဟောင်းကို မမေ့နိုင်တာဆိုရင် ကိုယ့်အပေါ်သူဘာတွေလုပ်ခဲ့လဲဆိုတာ ပြန်စဉ်းစားပြီး မေ့နိုင်အောင် ကြိုးစားပါ။ ဘာအမှတ်တရမှမကျန်အောင် ဖျက်ဆီးပစ်ပါ။

ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်ပါ။ ကိုယ်လုပ်ချင်တဲ့အရာမှန်သမျှလုပ်ပါ။ ကိုယ်မလုပ်ခဲ့ရတာတွေကို နှစ်သစ်ကစပြီး စိတ်သစ်လူသစ်နဲ့ လုပ်ကြည့်ပါ။ အသစ်တွေပြောင်းလဲပြီး နေထိုင်ကြည့်ပါ။ ကိုယ့်ကို ပျော်ရွှင်စေတဲ့၊ စိတ်ချမ်းသာအောင် ထားနိုင်တဲ့သူတွေအနားမှာပဲ နေပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ထားပြီး အရင်ထက်ပိုလှအောင် နေထိုင်ပါ။ အလုပ်လုပ်ပါ။ အလုပ်ကို အရင်ထက်ပိုကြိုးစားပြီး ပိုက်ဆံစုပါ။ ပိုက်ဆံကိုစုဖြစ်အောင်စုပါ။ အတွေးမများအောင် အားတဲ့အချိန်မရှိအောင်၊ မအားအောင်နေပါ။

ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူတွေ့ရင် သေချာစဉ်းစားပြီး ရည်းစားထပ်ထားပါ။ ရည်းစားထားဖို့ကို စိတ်ကုန်လို့ တစ်ယောက်ထဲနေမယ် ဆိုရင်လည်း အလုပ်ကြိုးစားပြီး အလုပ်များများလုပ်၊ လှအောင်နေ၊ စိတ်ပျော်အောင်နေ၊ အရာရာကို ပေါ့ပေါ့ပါးပါးလေးပဲတွေးပါ။ အများကြီးတွေးရင် အများကြီးစိတ်ညစ်ရပါမယ်။

ဒီလိုမျိုးသာ ပြုပြင်ပြောင်းလဲပြီးနေသွားမယ်ဆိုရင်တော့ တစ်လလောက်ဆိုတာနဲ့ သိသိသာသာ ရည်းစားဟောင်းကို မေ့နိုင်လာပါမယ်။ ကြာလာရင်တော့ ရည်းစားဟောင်းကို လုံးဝမေ့နိုင်လာမယ့်အပြင် ကိုယ်တိုင်ပါ စိတ်ချမ်းသာပြီး ပျော်ရွှင်လာရပါလိမ့်မယ်။

photo source: www.pinterest.com