လူတစ်ယောက်ကို Crush ရတဲ့အလုပ်ကလည်း တခါတရံမှာ စိတ်လှုပ်ရှားဖို့ကောင်းပြီး တခါတရံကျတော့ ဝမ်းနည်းရတတ်ပါတယ်။ သူ့ကို မြင်တဲ့အခါ စိတ်လှုပ်ရှား ရင်ခုန်ရပြီး သူက ကိုယ့်ရဲ့ဖြစ်တည်မှုကို မသိတဲ့အခါ (သို့) ကိုယ့်ကို ပြန်စိတ်မဝင်စားတဲ့အခါ ဝမ်းနည်းကြေကွဲစရာပါပဲ။

အခြေအနေက ကိုယ့်ဘက် မသာတဲ့အခါမှာတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမှာပါပဲ။ သူ့ကို မေ့ပစ်ပြီး အသစ်ရှာမလား ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ဆက်လက်ညှဉ်းပန်းနေမလား။

တကယ်လို့ ကိုယ့်ဘက်က ဘယ်လောက်ကြိုးစားကြိုးစား သူ့ဘက်က စိတ်မဝင်စားတော့မှာ သေချာတယ်ဆိုရင်တော့ သင့်အနေနဲ့ အလုပ်သင့်ဆုံးအရာကတော့ သူ့ကို မေ့ပစ်လိုက်ဖို့ပါပဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ မေ့ပျောက်ရမလဲဆိုတော့ …

သူ့ကို ဘာ့ကြောင့် ခရက်ရှ်ရသလဲ ပြန်စဉ်းစားကြည့်လိုက်ပါ

သင့်ကို စိတ်လှုပ်ရှားစေတဲ့ သူ့ရဲ့ ဆွဲဆောင်မှုက ဘာဖြစ်မလဲ။ ထိုအချက်ကို သိပြီဆိုရင် သူ့ကို မေ့ပျောက်ဖို့ ကြိုးစားရတာလည်း လွယ်ကူသွားပါလိမ့်မယ်။ Crush တယ် ဆိုတဲ့အဆင့်က ချစ်တဲ့အဆင့်မဟုတ်သေးတဲ့အတွက်ကြောင့် ရည်းစားနဲ့ ပြတ်သွားသလောက်အထိတော့ အသည်းကွဲမှာမဟုတ်ပါဘူး။

သူနဲ့ မတွေ့မိအောင် ကြိုးစားပါ

တွေ့နေ မြင်နေရတဲ့အခါ သူ့အပေါ်မှာ စိတ်ဝင်စားနေတဲ့စိတ်က တဖြည်းဖြည်းကြီးထွားလာမှာဖြစ်ပါတယ်။ မတွေ့ရ မမြင်ရဘဲ ဝေးနေတဲ့အခါမှာတော့ သူ့ကို တဖြည်ဖြည်းမေ့သွားပြီး သင့်ဘဝနဲ့သင် ပြန်လည်အနည်ထိုင်သွားပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် အလုပ်များများခိုင်းပါ

ဘာကိုမှ စဉ်းစားချိန်မရတဲ့အထိ အလုပ်များနေတဲ့အခါ Crush အကြောင်းလည်း အလိုလိုမေ့သွားပါလိမ့်မယ်။ သူ့ရဲ့ ဆိုရှယ်မီဒီယာတွေကိုလည်း Unfollow လုပ်ထားပါ။ တွေ့နေမြင်နေရသေးရင် သူ့အကြောင်းကို မေ့မရနိုင်ဖြစ်သွားပါလိမ့်မယ်။

ကိုယ့်ကို စိတ်ဝင်စားမယ့် ကိုယ်ကလည်း စိတ်ဝင်စားမယ့် နောက်ထပ်လူတစ်ယောက်ရှာလိုက်ပါ

ဒီနည်းလမ်းကတော့ အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။ နောက်ထပ်တစ်ယောက်ကို Crush လိုက်တဲ့အခါ စောစောက လူကိုလည်း သူ့အလိုလိုမေ့သွားပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ကို ထပ်ပြီး စိတ်မဝင်စားမယ့်သူ မဖြစ်အောင်တော့ သေသေချာချာရွေးချယ်ပေါ့။