ကိုရီးယားကကောင်မလေးတွေကိုကြည့်လိုက်ရင် အကုန်လုံးက အသားအရေကောင်းတာ သတိထားမိကြမှာပါ။ တကယ်တော့ ဒီလိုအသားအရေကောင်းတာက သုံးတဲ့ Cosmetics တွေကြောင့်တင်မဟုတ်ဘဲ နောက်ထပ်လျှို့ဝှက်ချက်က Moisturizer ပါ။

မျက်နှာသစ်ပြီးပြီးချင်း 3-စက္ကန့် အတွင်း Skin Care လိမ်းပေးရင် အသားအရေက Skin Care ရဲ့ ပါဝင်ပစ္စည်းတွေကို စုပ်ယူဖို့ ပိုလွယ်ပါတယ်။

မျက်နှာပေါ်ကရေက အငွေ့ပျံတဲ့အခါ အရေးပါတဲ့အဆီတွေပါ ပါသွားတာမလို့ မျက်နှာသစ်ပြီးပြီးချင်း Moisturizer ကို မြန်မြန်လိမ်းလေ အသားအရေက တောက်ပလေလေပါ။

ရေဓာတ်ပြည့်နေတဲ့အသားအရေက ဖောင်းဖောင်းအိအိလေးနဲ့မလို့ သင့်ကို နုပျိုတဲ့ Look ရစေမှာပါ။

မျက်နှာသစ်ပြီးတာနဲ့ Moisturizer လိမ်းပေးတာက အသားအရေကို ဟန်ချက်ညီအောင် ထိန်းပေးတာမလို့ ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

နေရောင်ခြည်က အသားအရေကို ခြောက်သွေ့စေပြီး အရေးအကြောင်းတွေနဲ့ မညီညာတာတွေကို ဖြစ်စေနိုင်တာမလို့ မျက်နှာသစ်ပြီးတာနဲ့ Moisturizer မဖြစ်မနေလိမ်းပေးပါ။

ထိခိုက်လွယ်တဲ့အသားအရေက အလွယ်တကူ ယားနိုင်တာမလို့ အသားအရေမခြောက်ခင် Moisturizer လိမ်းပေးတာက အသားခြောက်ပြီး ယားတာကို ကာကွယ်ပေးပါတယ်။