တစ်ခါတလေ ကိုယ့်ကို ဂရုမစိုက်သူ၊ အလေးမထားသူ၊ ကိုယ်နဲ့ အဆင်မပြေသူတွေနဲ့ ဝေးရာဆီကို သင် ထွက်သွားချင်ဖူးမှာပါ။ ကိုယ်ချစ်တဲ့လူတွေနဲ့တောင် တစ်ခါတစ်ရံ အဆင်မပြေဖြစ်တတ်တာ အဆင်မပြေသူဆိုရင် ပိုဆိုးမှာပါ။

လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတဲ့အချိန်မှ ပိုလှ၊ ပိုပြောင်းလဲသွားတဲ့ ဇာတ်အိမ်မျိုးတွေကို သင်ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးမှာပါ။ သင်ကိုယ်တိုင်လည်း ဒီလို ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နေတဲ့အချိန် လုပ်သင့်တဲ့ အရာတွေကို လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်သွားလည်း သင့်အတွက် အလကားပါပဲ။

ဒီတော့ ပထမဆုံး သင်က ဘယ်နှစ်လ ပြင်ဆင်ချင်လဲ သင့်ကိုယ်သင် ပြန်မေးသင့်ပါတယ်။ အနည်းဆုံး တစ်လတော့ အချိန်ယူသင့်ပါတယ်။ သုံးလကနေ ခြောက်လကတော့ အကောင်းဆုံးပါပဲ။ ဒီတော့ ဒီအချိန်အတောအတွင်းမှာ ပြုလုပ်နိုင်တဲ့ အရာတွေကို ကြည့်လိုက်ရအောင်-

၁။ ရှိသမျှ Social Media တွေကို ဖျက်ပစ်ပါ

သင်က လူမြင်ကွင်းထဲက ခဏပျောက်သွားမှာမို့ အရေးအကြီးဆုံး လုပ်ရမှာကတော့ သင့် Account အားလုံးကို ဖျက်ပစ်တာပါ။ Social Media Account တွေကို ခဏတဖြုတ်ဖျက်ပြီး ကိုယ့်ကိုကိုယ် အာရုံစစိုက်သင့်ပါတယ်။

၂။ Gym ဆော့ပါ

နောက်ထပ် လုပ်ရမှာကတော့ အားကစား လုပ်ရမှာပါ။ အားကစား ပစ္စည်းတွေ အစုံရှိတဲ့ Gym ကို သွားနိုင်ရင် ပိုကောင်းပါတယ်။ သင်က လူတွေကြားထဲ ပြန်ပေါ်လာတဲ့အချိန် အလှဆုံး၊ အချိုးအကျဆုံး ခန္ဓာကိုယ် ဖြစ်နေဖို့ လိုအပ်ပါတယ်။

၃။ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးအားလုံး ကို ဖြတ်တောက်ပါ

သင့်ကို ချေနေတဲ့ သူတွေ၊ သင်ခေါ်မှ ပြန်ခေါ်ရမှန်းသိတဲ့ သူတွေ ရှိမှာပါ။ ဒီအတောအတွင်း သင့်စိတ်ကို အနှောင့်အယှက်ပေးတဲ့ သူတွေ အားလုံးနဲ့ အဆက်အသွယ် ဖြတ်သင့်ပါတယ်။

၄။ ရေများများသောက်ပါ

အသားအရေ လှဖို့ ၊ အရင်ထက် ပိုလှလာဖို့ ဒီ အာရုံစိုက်တဲ့ ကာလအတွင်း ရေများများ သောက်ပေးဖို့ လိုပါတယ်။ ရေသောက်နည်းသူတွေ ပိုသတိထားပြီး သောက်သင့်ပါတယ်။ အနားမှာ ရေဘူး ကြီးကြီး တစ်ဘူး ဆောင်ထားသင့်ပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ

အရင်ထက် အသီးအရွက်တွေ ပိုစားပေးပါ။ ပရိုတင်း ကြွယ်ဝတဲ့ အစားအသောက်တွေကို ပိုစားပေးသင့်ပါတယ်။ သင်က အားကစား လုပ်မယ်ဆိုရင် ပိုစားဖို့ လိုပါသေးတယ်။

၆။ အိပ်ယာ စောစောဝင်ပါ

အသားအရေ ပိုလှလာဖို့၊ သင်လုပ်သမျှ ထိရောက်ဖို့ ညဘက် စောစော အိပ်ဖို့ လိုအပ်ပါတယ်။ သင့်ကိုယ်သင် အာရုံစိုက်နေတဲ့ကာလအတွင်း အိပ်ချိန်မှန်ဖို့ပါ ထည့်ပေးသင့်ပါတယ်။

၇။ သင့်ကိုယ်သင် ပိုဂရုစိုက်ပါ

ခက်ခဲတဲ့ အချိန်မှာ သင့်ကိုယ်သင် အားပေးတာ၊ သင့်ကိုယ်သင် ကောင်းမွန်တဲ့ ချီးကျူးစကားတွေ ပြောတာကို ပြုလုပ်ပေးသင့်ပါတယ်။

၈။ အကောင်းဆုံး လူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ

ဒီခဏတဖြုတ် ပျောက်ကွယ်သွားတဲ့ ကာလအတွင်းမှာ သင်က အကောင်းဆုံး လူတစ်ယောက် ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားသင့်ပါတယ်။ ဖြစ်နိုင်ရမယ်လို့လည်း သင့်ကိုယ်သင် ယုံကြည်ထားသင့်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar