“ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပါ”ဆိုတဲ့ စကားက ပြောရတာ လွယ်ပေမယ့် လုပ်ရတာတော့ ခက်ခဲလွန်းပါတယ်။ အနှောင့်အယှက် Distraction များစွာ ရှိတဲ့ ခေတ်ကာလမှာ ပိုမလွယ်ပါဘူး။ Friendship, Relationship, Affair စတဲ့ အရာတွေက ကိုယ့်အာရုံကို နှောင့်ယှက်တတ်ကြပါတယ်။ ဒါတွေအပေါ် စိတ်ရောက်လွန်းတဲ့အခါ သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးသွားတတ်ပါတယ်။ ကိုယ့်ပုံစံကို ပြောင်းလဲချင်တဲ့ ပျိုမေတို့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်သင့်ပါတယ်။ ဒီတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ တစ်ပတ်မှာ ၄ ကြိမ် ကနေ ၅ ကြိမ်လေ့ကျင့်ခန်း လုပ်ပါ

​သင်စိတ်ဝင်စားရာ လေ့ကျင့်ခန်းကို တစ်ပတ်မှာ လေးရက်ကနေ ငါးရက် လုပ်ရမှာပါ။ အလေး မ ရတာ ဝါသနာပါသူက အလေးမပြီး Cardio လေ့ကျင့်ခန်း လုပ်ရတာ ဝါသနာပါသူက Cardio လုပ်နိုင်ပါတယ်။ လမ်းလျှောက်ရတာ ဝါသနာပါသူကတော့ တစ်နေ့မှာ ခြေလှမ်း ၁ သောင်း လျှောက်န်ိုင်ပါတယ်။

၂။ အစားအသောက်

အစားအသောက် ထိန်းသိမ်းတဲ့ အနေနဲ့ Whole Food ကို ပုံမှန်စားသင့်ပြီး ရေ သောက်တာကိုလည်း အနည်းဆုံး တစ်နေ့ ၁ လီတာ သောက်ပေးရပါမယ်။

၃။ မနက်စောစောထတာ

နောက်ထပ် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နိုင်ဖို့ လုပ်နိုင်တဲ့ အရာကတော့ မနက်စောစော ထတာပါ။ မနက် ၇ နာရီ နောက်ဆုံးထားပြီး စောစောထတာမျိုး လုပ်ပေးသင့်ပါတယ်။

၄။ ပုံမှန် Journaling လုပ်တာ၊ စာအုပ်ဖတ်တာ

စာအုပ်ဖတ်တဲ့ အကျင့်၊ ခံစားချက် အတွေးတွေကို ချရေးတတ်တဲ့ အကျင့်တွေကို ပုံမှန်လုပ်ပေးရင် သင့်ဘဝ တချိုးတကွေ့ ပြောင်းလဲနိုင်ပါတယ်။

၅။ ကိုယ့်ကို ယုံကြည်မှုတက်စေတဲ့ အဝတ်အစားတွေ ဝတ်တာ

သင်က အိမ်မှာနေရင်တောင် သင့်ကို ယုံကြည်မှု တိုးစေတဲ့ အဝတ်အစားတွေကို ဝတ်ပေးသင့်ပါတယ်။ ဒီလိုလုပ်တာက သင့်ဖက်ရှင်အမြင်ကိုပါ တိုးတက်စေပါတယ်။

၆။ တစ်ယောက်တည်းနေတာ

တစ်ယောက်တည်း နေတတ်တဲ့ အလေ့အကျင့်ကိုလည်း မွေးမြူထားသင့်ပါတယ်။ တစ်ယောက်တည်း နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နိုင်ပါတယ်။

၇။ Affirmation ရွတ်တာ

“ငါက လှတယ်၊ တော်တယ်” စသဖြင့် Affirmation တွေကို ပုံမှန်ရွတ်ပေးသင့်ပါတယ်။ Affirmation က အပြင်မှာပါ တကယ်ဖြစ်လာဖို့ ကူညီပေးပါလိမ့်မယ်။

၈။ ကိုယ့်ကို ပျော်ရွှင်စေသူတွေနဲ့ ဝန်းရံထားတာ

ကိုယ့်ကို အလုပ်ကြိုးစားချင်စိတ် ဖြစ်အောင် တွန်းပို့ပေးသူတွေ၊ ပျော်ရွှင်အောင် ပံ့ပိုးပေးသူတွေနဲ့ ဝန်းရံထားတာကလည်း ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်တဲ့နေရာမှာ အသုံးဝင်ပါတယ်။

၉။ ကိုယ့်ကိုယ်ကိုယ် ရွေးချယ်တာ

အချိန်အများစုမှာ ကိုယ်တိုးတက်ဖို့ လမ်းကြောင်းကို ရှာတာ၊ ကိုယ့်အတွက် ကောင်းတဲ့အရာတွေ လုပ်တာ စသဖြင့် ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar