သင့်ရဲ့ ကိုယ်ပိုင်ဖက်ရှင်စတိုင်ကိုရှာဖွေတွေ့ဖို့ဆိုတာက အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီး လိုအပ်ပါတယ်။ ဒါပေမယ့် သင့်အတွက် အသင့်တော်ဆုံး အလိုက်ဖက်ဆုံး ဖက်ရှင်စတိုင်ကို မြန်မြန်သိရဖို့အတွက် သုံးလို့ရတဲ့နည်းတွေရှိပါတယ်။

အရင်ဆုံး အိမ်က ဗီရိုကိုပြန်စစ်ပါ။ သင်ကြိုက်တဲ့ပုံစံ မကြိုက်တဲ့ပုံစံတွေကို ခွဲထုတ်လိုက်ပါ။ သင်ကြိုက်တဲ့ အဝတ်အစားတွေကို ခဏအချိန်ယူကြည့်ပါ။ ဘာကြောင့်ကြိုက်လဲဆိုတာ သေချာပြန်တွေးကြည့်ပါ။ အဲ့အချက်တွေကို မှတ်ထားပါ။

ကိုယ့်အနားက သူငယ်ချင်းတွေ အလုပ်ကမိတ်ဆွေတွေရဲ့ ဖက်ရှင်တွေကိုကြည့်ပြီး အတုယူပါ။ ဒါမှမဟုတ် Social Media And Fashion Blogs နဲ့ Celebrity Fashion တွေကို အတုယူပြီး သဘောကျတာမျိုး ကိုယ်နဲ့ လိုက်မယ်ထင်တာမျိုးလေးတွေ အတုယူပါ။

ဖက်ရှင်စိတ်ကူးတွေကို စုဆောင်းပြီးတာနဲ့ အမြင်အာရုံကိုယ်စား ပုံတွေကိုစုပြီး ဖက်ရှင်ရှိုးဘုတ်တစ်ခု လုပ်ကြည့်ပါ။ ဒါက သင့်ကိုယ်ပိုင်စတိုင်ကို ရှာတဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။

အဝတ်အစားတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အနက်ရောင်ဝတ်စုံ၊ မိုးပြာရောင်ဂျာကင်၊ ရိုးရိုး T-shirts စတာတွေကို ထည့်စဉ်းစားပါ။ ပြီးမှ သင်ရဲ့ကိုယ်ပိုင်စတိုင်ကို ထင်ဟပ်စေတဲ့ အရာတွေနဲ့ပေါင်းစပ်ပါ။ နောက်မှ တဖြည်းဖြည်းနဲ့ သင့်ကို ယုံကြည်မှုရှိစေတဲ့ အရာတွေနဲ့ အစားထိုးပါ။